သပိတ်ကျင်းခရိုင်ထဲက Non-CDM ဝန်ထမ်းတွေ မြို့ကိုစွန့်ခွာထွက်ပြေး၊

စစ်အုပ်စုနဲ့ မြို့ခံတွေပဲ ကျန်

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က စစ်အုပ်စုလက်အောက်ခံ Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ ဇူ လိုင်လ ၂၀ ရက် ကတည်းက မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားကြပြီမို့ သပိတ်ကျင်းမြို့ပေါ်မှာ စစ်အုပ်စု၊ ပျူ စောထီး၊ ရဲနဲ့ အဝေးကိုထွက်မပြေးနိုင်တဲ့ မြို့ခံဝန်ထမ်းတွေသာ ကျန်ရှိတော့တယ်လို့ သပိတ်ကျင်းမြို့ခံတွေက ပြောပါတယ်။

အဆိုပါနေ့က မြို့တော်စည်ပင်သာယာရေးဌာနမှာ ဌာနဆိုင်ရာ Non-CDM ဝန်ထမ်း အားလုံးကို အထူးအစည်း အ ဝေး ခေါ်ယူပြီး ရုံးတွေအကုန်ပိတ်ပြီမို့ လွတ်ရာသွားကြဖို့ ပြောကြားပြီးတဲ့နောက် အခုလို Non-CDM ဝန်ထမ်း အ များ အပြား ထွက်ပြေးတိမ်းရှောင်သွားကြတာလို့ ဒေသခံက ဆိုပါတယ်။

“ဌာနဆိုင်ရာအရာရှိတွေ အကုန်ပြေးပြီတဲ့။ အစည်း အဝေးပြီးကတည်းက ပြေးကြတာတဲ့ အောက်ခြေဝန်ထမ်းတွေ ကတော့ ဒေသခံတွေဆိုတော့ ပြေးစရာမရှိ ကျန်နေခဲ့ကြတာ။ မြို့ထဲမှာ သတင်းဖြန့်ထားတာက လာတိုက်ရင် မြို့ လူထုလည်းမနာအောင် မြို့ဦးတောင်မှာ စုရပ်ထားပြီး လက်နက်ချမယ်လို့တော့ သတင်းလွှင့်ထားတယ်။ အင်ဖော် မာ (စစ်အုပ်စုသတင်းပေး) တွေ၊ ပျူတွေ ၊ အောက်ခြေက အရူးတွေတော့ကျန်နေမှာ”လို့ သပိတ်ကျင်း မြို့ခံတစ်ဦး က ပြောပါတယ်။

Non-CDM အများစု ထွက်ပြေးတိမ်းရှောင်သွားပေမယ့် သပိတ်ကျင်းမြို့မှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ရဲ တပ်ဖွဲ့ဝင် တွေ၊ အုပ်ချုပ်ရေးဝန်ထမ်း တွေတော့ ကျန်နေနိုင်တယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။

“မပြေးလောက်သေးဘူး။ လက်နက်ကိုင်အဖွဲ့ကပြေးလို့လည်းမရလောက်ဘူး။ ဒါပေမယ့် စခန်းထဲကလည်း ထွက် ရဲမှာ မဟုတ်တော့ဘူး။ ကျန်နေမှာ ထွေအုပ် ၊ ရဲ၊ ဒါပဲ။ စည်ပင်က အောက်ခြေဝန်ထမ်းအားလုံးက သပိတ်ကျင်း နယ်ခံ ဆိုတော့ ရှိနေမှာ။ ပညာ/ကျန်းမာ (ပညာရေးနဲ့ ကျန်းမာရေးဌာန) ကလည်း ဒေသခံတွေဆိုတော့ မပြေး လောက်ဘူး။ ဒါပေမဲ့ ဟိုနေ့ကပြောတဲ့အစည်းအဝေးအရ ဌာနဆိုင်ရာအားလုံး ဖွဲ့စည်းပုံဖျက် ဆိုတော့ Non တွေ အော်တိုပြုတ်ပေါ့” လို့ သပိတ်ကျင်းမြို့ခံတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့ပေါ်က ဌာနဆိုင်ရာရုံးတွေကို ခုနစ်မိုင်(အောင်ချမ်းသာ)ကျေးရွာကို ပြောင်းရွှေ့ဖို့ စီမံထားတာဖြစ် ပြီး လတ်တလောမှာ အဆိုပါ ရုံးသစ်နေရာတွေကိုပါ ပိတ်ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

Non-CDM အများစုထွက်ပြေးပေမယ့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ၊ Special Branch (SB) တွေ၊ အင်ဖော်မာအဖွဲ့တွေ နဲ့ စစ်သွေးကြွနေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ကျန်နေသေးတယ်လို့လည်း ဒေသခံက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ယခင်က ပြင်ဦးလွင် ခရိုင်အတွင်းမှာ ပါဝင်တာဖြစ်ပေမယ့် စစ်အုပ်စု အာဏာသိမ်းပြီးချိန် မှာ ခရိုင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပြီး သပိတ်ကျင်း ခရိုင်အတွင်းမှာ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ် နှစ်ခု ပါဝင်တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *