ရေဖြူမြို့ပေါ်တွင် စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို ပြောက်ကျားတိုက်ခိုက်

ရေဖြူမြို့ပေါ်တွင် စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို ပြောက်ကျားတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး MA သေနတ် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF က ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန် ရေဖြူမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများက လိုက်ပါလာသည့် စီးနင်းလိုက်ပါလာသော ကားတစ်စီးကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးကာ ၁ ဦး ထွက်ပြေးလွတ်မြောက်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ အပြန်အလှန်တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားများထံမှ MA 3 အမျိုးအစား သေနတ် ၄ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါသီး ၇ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၄၀၀ တောင့် နှင့် လက် ကိုင် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ် အမျိုးသားလွတ် မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ် ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင် ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *