ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်နေသည့် စစ်ရေး လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်နေသည့် စစ်ရေး လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်နေသည့် ဓာတ်ပုံမှတ်တမ်းများကို BPLA က ယနေ့ သတင်းထုတ်ပြန် သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ အမှတ် ၂၀၃ စစ်ဒေသ၏ လှုပ်ရှားမှတချို့ကို ဖော်ပြကြောင်း BPLA က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်၏ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကမူ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးတွင် BPLA အပြင် NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ ပါဝင်နေပြီး အထူးသဖြင့် အညာဒေသမှ PDF တပ်တချို့လည်း ပါဝင်နေကြောင်း ပြောဆိုသည်။

“အဓိကတော့ လားရှိုးခွင်မှာ PDF တပ်တွေရော၊ BPLA တပ်တွေရော အဓိက ပါဝင်ပြီး တိုက်ပွဲဝင်နေကြတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးသည် ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရှမ်းမြောက်ဒေသ၊ မိုးကုတ်မြို့နယ်၊ စဉ့်ကူး၊ မတ္တရာ ဒေသများအထိ စစ်ရေး ကျယ်ပြန့်လာလျက်ရှိနေကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top