မန်းမြို့ပေါ် ဒေါက်တာတေဇာဆန်း ဆန္ဒပြမှု နယ်ထိန်းနဲ့ ရဲတွေ အကုန်ဖိအားပေးခံနေရ

လုံခြုံရေးတင်းကြပ်တိုးမြှင့်ထားတဲ့ကြားကနေ မန်းမြို့ထဲပြန်ဝင်ပြပြီး စစ်အုပ်စုကို ဒေါက်တာတေဇာဆန်း နားရွက် တံတွေးစွတ်

စစ်အုပ်စုက အငြိုးတကြီး အလိုရှိနေတဲ့ မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း လွတ်မြောက်နယ် မြေဒေသကနေ မန္တလေးမြို့တွင်း ပြန်လည်ဝင်ရောက်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့လုပ်ရပ်ကြောင့် မန္တလေးမြို့တွင်း နယ်ထိန်း အပါအဝင် ရဲတွေ အကုန်လုံး ဖိအားပေးခံနေရတယ်လို့ စစ်အုပ်စုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

စစ်အုပ်စုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ သတင်းတွေအရ အခုလို ဖိအားပေးခံနေရတာ တပတ်ခန့်ရှိပြီဖြစ်ပြီး ဇူလိုင် လ၁၅ရက်က ဒေါက်တာတေဇာဆန်း မန္တလေးမြို့တွင်းထဲ ရောက်ရှိလာတာကို စစ်အုပ်စုဘက်က နောက်ကျမှ သ တင်းရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“၆၉လမ်း၊ မိန်းထဲမှာဆန္ဒပြတော့ ဒီဘက်မှာ အကုန်ပြာယာခတ်ကုန်ကြတာ။ မြို့အဝင်အထွက် ဂိတ်တွေလည်း ချက်ချင်းလိုက်ပိတ်တယ်။ (ဒါပေမဲ့) မမှီလိုက်ဘူး” လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါ တယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စစ်ရေးအရှိန်မြင့်တက်နေပြီး မန္တလေးမြို့နားထိ စစ်မီးတောက်လောင်နီးကပ်လာ တာမို့ စစ်အုပ်စုက မြို့အဝင်အထွက်ဂိတ်တွေအပါအဝင် နေရာများစွာမှာ လုံခြုံရေးတင်းကြပ်၊ ထပ်တိုးတပ်စွဲထား ချိန်မှာ မန္တလေးသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းဟာ မန္တလေးမြို့တွင်းကို ပြန်လည်ဝင်ရောက်ပြီး အခု လို ဆန္ဒပြသခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့အဓိက လူစည်ကားရာနေရာဖြစ်တဲ့ ၆၉လမ်း၊ ၃၈လမ်းနဲ့ ၃၉လမ်းကြားမှာ ဒေါက်တာတေဇာဆန်းနဲ့ နောက်ထပ် အမျိုးသားတစ်ဦးက ဆန္ဒပြသခဲ့တာဖြစ်ပြီး တလှိုင်းပြီးတလှိုင်းလာမယ်ဆိုတဲ့ လက်ကမ်းစာရွက်တွေ လည်း ကြဲချခဲ့တာဖြစ်ပါတယ်။

“စာရွက်တွေကို စစ်တပ်ကလို့ ယူဆရတဲ့သူတွေ အရပ်ဝတ်တွေနဲ့ တံမြက်စည်းလာလဲ သွားတယ်။ အနီးနားတွေ့ တယ်သူတွေကိုစစ်တယ်။ဒေါက်တာတေဇာဆန်းပါတာသေချာလားဆိုပြီးမေးတယ်”လို့ ဒေါက်တာတေဇာဆန်းရဲ့ ဆန္ဒထုတ်ဖော်မှုပြီးနောက် စစ်အုပ်စုရဲ့ လုပ်ဆောင်မှုအခြေအနေကို မြို့ခံလူ ငယ်တစ်ဦးကပြောပါတယ်။

ဒေါက်တာတေဇာဆန်းရဲ့ ဆန္ဒပြသတင်းရရှိပြီးနောက် မန္တလေးမြို့ကနေ စစ်ကိုင်းဘက်ထွက်တဲ့ နှာပေါက်၊ မန္တ လေး-မေမြို့အဝင်၊ ၁၉လမ်း-မြို့ပတ်လမ်း(ပုသိမ်ကြီးမြို့အဝင်)နဲ့ မန္တလေး-မတ္တရာလမ်းတို့ကို စစ်တပ်က အဝင်အ ထွက် ပိတ်ဆို့ရှာဖွေခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ရဲ့ အ လယ် ပိုင်းတိုင်းစစ်ဌာနချုပ်က ရဲမှူးတွေကို ခေါ်ယူသတိပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

“အစက မဟုတ်လောက်ဘူးဆိုပြီး ဖောရှော နေလို့ရသေးတယ်။ မနေ့ညက ပုံတွေတက်လာတော့ မနက်က တိုင်းရုံး အစည်းအဝေးမှာ အရာရှိတွေအကုန်အဆူခံရတယ်”လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဒေါက်တာတေဇာဆန်း ဆန္ဒပြခဲ့တဲ့နေရာတချို့ကို စစ်ကောင်စီတပ်သားတချို့ကအရပ်ဝတ်တွေနဲ့စောင့် ကြည့်တာတွေ လုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *