မိုးကုတ်မြို့သိမ်းတိုက်ပွဲ ဓာတ်ပုံများ မန္တလေး PDF က ထုတ်ပြန်

မိုးကုတ်မြို့သိမ်းတိုက်ပွဲ ဓာတ်ပုံများ မန္တလေး PDF က ထုတ်ပြန်လိုက်ပြီး နောင်ချို၊ စဉ့်ကူးနှင့် ယခု မိုးကုတ်မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး) ကလည်း မိုးကုတ်မြို့သိမ်းတိုက်ပွဲ ဓာတ်ပုံများထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် မိုးကုတ်မြိုအား အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ မိုးကုတ် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲသည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

မိုးကုတ်မြိုသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် နောင်ချို၊ စဉ့်ကူးပြီးလျှင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၂၅)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်အချိန်တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

၂။ မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ပါသည်။

၃။ မိုးကုတ် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့သည်။

စစ်ဦးစီးအဖွဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)


Comments

Leave a Reply

Your email address will not be published. Required fields are marked *