စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းအတွင်းသို့ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Phoenix Sagaing တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ဇူလိုင်လ ၂၆ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အကြမ်းဖက်ကောင်စီတပ် အမှတ် ၆၀၀၅ တင့်ကား တပ်ရင်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်များနှင့် ၎င်းတို့နေထိုင်ရာ အဆောက်အအုံများကို ထိခိုက်ပျက်စီးမှုရှိပြီး အကြမ်းဖက် စစ်သားများ ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
“စခတွေဘက် ထိခိုက်မှုပဲရှိတာ သေဆုံးတာမရှိဘူး၊ ဗုံးသီးက ၉ လုံးချတာ၊ ၄ လုံးလောက်ပဲ ပစ်မှတ် ကို ထိတယ်၊ အဆောက်အအုံကတော့ သူတို့တပ်ထဲက လူပျိုဆောင်ပေါ်တစ်လုံးကျတယ်လို့ သတင်း ရတယ်။ သူတို့ဘက်ကလက်နက်ကြီးကတော့ ၂ လုံးပြန်ပစ်တယ်၊ လက်နက်ငယ်ကတော့ အချက်ရေ တော်တော်များများပြန်ပစ်တာရှိပါတယ်” ဟု Phoenix Sagaing တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ Young Wolf (LPDF) ၊ Unicorn Guerrilla Force ၊ Royal Falcon Guerrilla Force၊ ကြောင်လက်သည်း (ဝက်လက်)နှင့် နယ်မြေခံ တော်လှန်ရေး အင်အားစုများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။