မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ရင်း ခမရ ၄၃၇ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေ

မြစ်ကြီးနားမြို့နယ် ၊တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ရင်း ခမရ ၄၃၇ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ၊တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းမှစတင်ပြီး ကချင်ပြည်နယ် မြစ်ဆုံအထက် တီယန်ဇွပ်နှင့် အင်ဆွပ်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA ဦးဆောင်သော AA၊ KPDFပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တီယန်ဇွပ် တပ်စခန်းကို ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

” တီယန်ဇွပ် စစ်ကောင်စီတပ်စခန်းကို မနေ့ ဩဂုတ် ၂ ရက်နေ့ မနက် ၇ နာရီ မှာ KIA ၊KPF ပူပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက် ခိုက်သိမ်း ပိုက်နိုင်ခဲ့ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ တစ်ရက်လုံးတိုက်ခိုက်တာပါ။ စစ်သုံ့ပန်းမရပါဘူး။ စစ်တပ်ဘက်မှ သေဆုံးသူများပါတယ်။ တီယန်ဇွပ်ကနေ လက်နက်ခဲယမ်းတွေအများ ကြီးရပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

အလားတူ ဩဂုတ်လ ၂ ရက်နေ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ၁၀ ရက်နေ့ မြောက်အဖြစ် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ မိုးမောက်မြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော ခမရ ၄၃၇ တပ်ရင်းဌာနချုပ်ကို KIA၊ AA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန်ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရှိရသည်။

“မိုးမောက်မြို့အနီးရှိမှာရှိတဲ့ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကြီးကိုလည်း KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဆက်လက် ပိတ်ဆို့ တိုက်ခိုက်လျက်ရှိပါတယ်။ အဲဒီစခန်းကိုရရင် မိုးမောက်မြို့နယ်တစ်ခုလုံးမှာ စစ်ကောင်စီတပ် ကင်းစင်သွားမှာဖြစ်ပါတယ်”ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

KIA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက မတ်လ ၇ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ၏ စခန်းကို စစ်ဆင်ရေးဖြင့် ရှင်းလင်းမှုများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top