သံလွင်မြစ်ရေတက်ခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကြောင့် ကရင်ပြည််နယ်၊ဘားအံမြို့တွင် ရေပြန်တက်လာကြောင်း ဒေသခံများထံက သိရသည်။
ဘားအံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ) ဖြစ်ကာ သံလွင်မြစ်ရေတက်၍ စိုးရိမ်ရေအမှတ်ထက် ၅ ပေခွဲခန့် (၁၆၈ စင်တီမီတာ) မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေအမှတ်အထက်၌ ဆက်တည်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်အပတ်အတွင်း ရေပြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဘားအံမြို့မှာ ရက်ပိုင်းအတွင်း ရေအနည်းငယ် ပြန်ကျခဲ့ရာမှ ဩဂုတ် ၂ ရက်တွင် ရေများ ပြန်လည်တက်လာခြင်းဖြစ်သည်။
လက်ရှိတွင် ဘားအံမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များမှာ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံတချို့မှာ ရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ရမှုများလည်း ရှိနေသည်။
ဘားအံတွင် မိုးဆက်လက်ရွာသွန်းမည်ဖြစ်သလို၊ သံလွင်မြစ်ရေမှာ ဆက် လက်တက်နိုင်သဖြင့် အနိမ့်ပိုင်းရပ်ကွက်နေထိုင်သူများ အထူးသတိပြုကြရန် မိုးဇလက သတိပေးထားသည်။
ဓာတ်ပုံ- ဘားအံဒေသခံများ