လောက်ကိုင် ဒကစမှူးဟောင်း ထောင်တွင်း၌ သေကြောင်းကြံစည်

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ဒိုက်ဦးထောင်တွင် သေဒဏ်ချမှတ်ခံထားရသော ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး (လောက်ကိုင်) ဗိုလ်မှူးချုပ် ဇော်မင်းသည် ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားသည့်အတွက် အကျဉ်းထောင်ဝန်ထမ်းများက အချိန်မီ တားဆီးလိုက်ရကြောင်း သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

လွန်ခဲ့သည့် တပတ်ခန့်က ဒိုက်ဦးထောင်တွင် ထောင်ကျနေသော ဒကစမှူးဟောင်း ဗိုလ်မှူးချုပ်ဇော်မင်းသည် အကျဉ်းထောင်အတွင်း အဆိပ်သောက်သေရန် ကြိုးစားရာ အကျဉ်းထောင်ဝန်ထမ်းများက တားဆီးခဲ့ရခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများကပြောသည်။

အဆိပ်သောက်သေရန် ကြိုးစားခဲ့သည့် ဗိုလ်မှူးချုပ်ဇော်မင်းသည် လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော်သူမတိုင်ခင် ဒကစမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လဆန်းတွင် ကျားဖျန့်ကိစ္စနှင့် ဗိုလ်မှူးချုပ် ဇော်မင်းအား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ဇူလိုင်လဆန်းတွင် သေဒဏ်ချမှတ်ခဲ့ပြီး ဒိုက်ဦးထောင်တွင် အကျဉ်းချထားခဲ့သည်။

ဓာတ်ပုံ – ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး (လောက်ကိုင်) ဗိုလ်မှူးချုပ် ဇော်မင်း

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top