စစ်လော်ဘီ ဘောမတွေကို စောက်ရှက်ခွဲလိုက်တဲ့ ဇော်မဲလုံး

ရမခ လားရှိုးစစ်ဌာနချုပ်အား မနေ့ကအထိ မကျသေးဘူးဆိုပြီး သရဲတွေနဲ့ဖုန်းပြောပြီး ဖင်ယားပြကြတဲ့ စစ်ဘောမ စစ်လော်ဘီတို့အား ၎င်းတို၏ လူလိမ်ဂိုဏ်းခေါင်းဆောင်မှ ဇူလိူင်(၃)ရက် ညကတည်းက ရမခနဲ့ အဆက်အသွယ်ပြတ်ဟု ပြောကြားလိုက်သဖြင့် ဖင်ထောင်ငြင်းနေတဲ့ တဘက်ပိတ်လော်ဘီများ စောက်ရှက်ကွဲနေကြောင်း သိရပါတယ်။

ယင်းအပြင် ဇော်မဲလုံးက စစ်သည်အမျိုးသမီးရဲမေများဟာ စစ်သားတွေနဲ့တန်းတူ တိုက်ပွဲဝင်ခဲ့ဟု ဆိုလာပြီး ယင်းအမျိုးသမီးများ တိုက်ပွဲအတွင်း သေဆုံးတာကိုတော့ ဘယ်ကမှန်းမသိတဲ့ အဖွဲ့တွေက ကန့်ကွက်ဟုဆိုပြန်ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း စစ်တပ်ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း စစ်ကောင်စီက ဝန်ခံလိုက်သည်။

ရမခမှ အရာရှိကြီးများနှင့် ဩဂုတ်လ ၃ရက်၊ ညနေပိုင်းတွင် နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီး၊ လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်နေကြောင်းနှင့် အတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသည်ဟု သိရကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(ဩဂုတ် ၅)တွင် ထုတ်ပြန်သည်။

အမှတ်တံဆိပ်ကို အစွဲပြုပြီး ‘နေဝန်းနီ’ ဟု ထင်ရှားသည့် ရှမ်းမြောက်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တစ်ခုလုံးကို ကိုးကန့်တပ် MNDAA နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၃ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်၊ သိမ်းပိုက်နိုင်ခဲ့သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို တိုက်ခိုက်၊ သိမ်းပိုက်ခဲ့ပြီးနောက် ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် ကျောက်မဲမြို့အခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁)မှ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို ကိုးကန့်တပ် MNDAA က အရှင်ဖမ်းမိထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းများထံမှ သိရသည်။

 

တိုင်းစစ်ဌာနကြီးတစ်ခု ကျဆုံးမှုသည် မြန်မာစစ်တပ်သမိုင်းတစ်လျှောက်တွင် ပထမဆုံးဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top