ကျောက်မဲမှာ သိမ်းမိတဲ့ စကစရဲ့ SH-1 self-propelled howitzer တစ်စီးပုံပါ။ Shwe Phee Myay ကနေ ပို့စ်တင်ထားပေမယ့် edit လုပ်ပြီး ပုံတွေပြန်ဖျက်ထားပါတယ်။
ဒါက 1027 စစ်ဆင်ရေးတွေအတွင်း ပထမဦးဆုံးအကြိမ်သိမ်းမိတဲ့ ယာဉ်တင်အမြောက်စနစ် SPH ဖြစ်ပါတယ်။ ယာယီသမ္မတဖြစ်ပြီး ရမခလည်းလှူ၊ ပထမဦးဆုံး SPH လည်းလှူပေါ့။
1027 ပထမပိုင်းကတည်းက စကစဆီကနေသိမ်းမိတာ ယာဉ်ဆွဲအမြောက် towed howitzer ဆိုလည်း 122mm D-30M ကနေ 155mm Soltam 845P တွေအထိရှိတယ်။ အတွဲလိုက်ဒုံးဆိုရင်လည်း 122mm ကနေ 240mm သိမ်းမိထားတယ်။ အခုလည်း 155mm SPH သိမ်းမိတယ်ဆိုတော့ အမျိုးအစား class တော်တော်စုံနေပြီပြောရမယ်။ 2023 တုန်းက ထုတ်ပြသွားတဲ့ 300mm လို guided rocket လိုမျိုးပဲ ကျန်တော့မယ်။
SH-1 ဆိုတာက တရုတ်ကုမ္ပဏီ Norinco က ထုတ်တဲ့ 155mm ယာဉ်တင်အမြောက်စနစ်တစ်ခုပါ။ တရုတ်စစ်တပ်အတွက်တော့ PCL-09 ဆိုပြီးသုံးတယ်။ ပြည်ပပို့တဲ့ မျိုးကွဲကိုတော့ SH-1 လို့ ခေါပါတယ်။ ဝယ်သုံးနေတာကတော့ ပါကစ္စတန်နဲ့ မြန်မာပဲ ရှိပါသေးတယ်။ မြန်မာမှာ 72 စီး ရှိတယ်ပြောပေမယ့် အတည်ပြုဖို့တော့ ခက်ပါလိမ့်မယ်။
SH-1 က ပြင်သစ်ရဲ့ 155mm SPH ဖြစ်တဲ့ CAESAR ကို မှီးငြိမ်းထားတာပါ။ ဒါ့ကြောင့် CAESAR လိုပဲ နေတိုးစံပြု 155mm ကျည်သုံးတယ်။ ပြောင်းအလျား caliber ကတော့ 52 caliber ရှိပါတယ်။ Caliber အကြောင်း ပြန်ဖတ်ချင်ရင် comment မှာ link ရှိပါတယ်။
52 caliber ဆိုတော့ အသုံးပြုတဲ့ ကျည်အမျိုးအစားပေါ် မူတည်ပြီး boat tail ဆို 30 ကီလိုမီတာ၊ base bleed ဆို 40 ကီလိုမီတာ လောက်အထိ ပစ်လို့ရနိုင်တယ်။ ရုရှားထုတ် Krasnopol ကို တရုတ်က 155mm အတွက် ပြန်ထုတ်ထားတာဆိုရင် 53 ကီလိုမီတာအထိ ပစ်လို့ရတယ်ပြောပေမယ့် စကစမှာက သုံးနိုင်တယ်ဆိုရင်တောင် ပြောပလောက်အောင် အရေအတွက် များများစားစားရှိမယ် မထင်ပါဘူး။
SH-1 တို့ CAESAR တို့က ဘီးတပ် (wheeled vehicle) ဆိုတော့ high mobility လို့ သတ်မှတ်ကြတယ်။ ဘီးနဲ့ဆိုရင် ကားလမ်းတွေပေါ် သွားရတာ လွယ်တယ်။ အဓိကကတော့ low intensity conflict / counter insurgency တွေမှာ မြို့တစ်မြို့ကနေတစ်မြို့ ကူးဖို့ လွယ်တယ်။ ချိန်းတပ်ယာဉ် (tracked vehicle) တွေလို သွားလာဖို့ transport တစ်စီး လိုမနေဘူး။ လေယာဉ်နဲ့လည်း သယ်ဖို့ လွယ်သေးပြန်တယ်။ (Air lift capability ဆိုတာ မြန်မာစစ်တပ်အတွက် သက်ဆိုင်တဲ့အချက်၊ ထည့်စဥ်းစားရမယ့် အချက်တော့မဟုတ်ဘူးပေါ့လေ၊ စိတ်ကူးပေါက်ရင် heliborne တွေနဲ့ ဆင်းပြီး အတေခံတာပဲ ရှိမယ်)
တကယ် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်လာပြီ high intensity conflict ဆိုရင်တော့ ဘီးတပ်ယာဉ်တွေထက် ချိန်းတပ်ယာဉ်တွေက ပိုအသုံးဝင်နိုင်တယ်။ ဘီးပေါက်ရင် run flat တာယာ ဘာညာပြောကြပေမယ့် တကယ်ဘီးပေါက်ရင် ပြဿနာတက်တာပဲ၊ mobility ထိတာပဲ။ ကားလမ်းပေါ်မဟုတ်ပဲ off-road ကြမ်းကြမ်းတမ်းတမ်းသွားရတော့မယ်ဆိုရင် ချိန်းတပ်က ပိုအဆင်ပြေတယ်။ ဘီးတပ်က ဘီးထိတဲ့နေရာပဲ weight များပြီး ချိန်းတပ်ယာဉ်လို weight distribution မကောင်းတာကြောင့် ရွှံနစ်ဖို့ ပိုလွယ်သေးပြန်တယ်။ High mobility ဆိုတဲ့ စကားနောက်မှာ ပြန်ပေးဆပ်ရတာတွေတော့ ရှိသေးပြန်တယ်။
ထုံးစံအတိုင်း SH-1 လို SPH တစ်စီး နှစ်စီး သိမ်းမိတာက TNLA လို တိုင်းရင်းသားလက်နက်ကိုင်၊တော်လှန်ရအဖွဲ့တွေအတွက် အရမ်းအကျိုးရှိလှတဲ့ လက်နက်မျိုးတော့ မဟုတါဘူး။ စကစကလည်း ပြန်သုံးလို့ရအောင် အကောင်းအတိုင်းထားခဲ့တာ ဟုတ်ချင်မှဟုတ်မယ်။ ပုံသေချာမမြင်ရလို့ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးထားတာမျိုးလည်း ရှိနေနိုင်တယ်။ ဒါ့အပြင် တွဲဖက်သုံးစရာ 155mm ကျည်နဲ့ တွန်းယမ်းတွေကလည်း ရှားပါးနေမှာပါ။ ရှေ့လတွေက Soltam 845P တွေသိမ်းမိတုန်းကတော့ 155mm ကျည်တွေ သိမ်းမိတာမျိုး ရှိနိုင်တယ်။ လားရှိုး ရမခထဲမှာတောင် Soltam 845P တစ်လက် သိမ်းမိသေးတယ်ထင်တယ်။
ဒါပေမယ့် ဒီလိုပုံတွေကို ကြည့်ပြီး စခအားပေးတွေကတော့ နှာနုဖြတ်ရိုက်ခံရသလို နာကျင်နေရမှာပါ။ အဘက အင်အားမသုံးလို့ ခံနေရတာဆိုတဲ့ narrative တွေနဲ့ ဖြေသိမ့်နေရတယ်။ စစ်ရေးပြပွဲမှာသာတွေ့ရတဲ့ ဒီလိုလက်နက်တွေကိုပြန်ကြည့်ပြီး ငါတို့မှာ firepower အများကြီး ကျန်သေးတယ်ဆိုပြီး moti ယူနေရတယ်။ တကယ်တော့ အင်အားက သုံးလို့ရတာ အကုန်သုံးနေတာပဲ။ အဲ့တာကိုမှ ခံနေရတယ်၊ ဂုဏ်ယူစရာ armored fighting vehicle တွေ တစ်မျိုးပြီးတစ်မျိုး ရန်သူလက်ထဲရောက်ပြီး trophy တွေ ဖြစ်ကုန်တယ်။
နောင်ချိုမှာ သိမ်းမိတဲ့ Orlan-10E တွေရယ် SH-1 ရယ် တွဲဖက်ပြီး TNLA ကနေ drone corrected artillery ပြန်ကျွေးနေမှဖြင့် ရုရှားပြန်အဘသားတွေ မျက်ဖြူစိုက်ကုန်ပါဦးမယ်။ အရင်စကားပြန်သုံးရရင် ကျောက်မဲမှာ မြန်မာတပ်မတော်အမြောက်တပ်ဖွဲ့ရဲ့ စာမျက်နှာအသစ်တစ်ခု ဖွင့်နိုင်ခဲ့ပြန်တယ်ပေါ့။
Tactical Raptor