မကွေးဒေသ၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီအင်အား ၇၀ ခန့်ပါ မော်တော်ယာဥ် ၂ စီးကို ဩဂုတ် ၈ ရက်၊ ညနေ ၄ နာရီခွဲခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
ကန်တော်ရွာအနီးရှိ ကားလမ်းမှာ အသင့်ထောင်ထားတဲ့ မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစမော်တော်ယာဥ် ၂ စီးမှ စကစ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် စကစအလောင်းတွေနဲ့ ဒဏ်ရာရရှိ စကစတပ်ဖွဲ့ဝင်တွေကို တင်ဆောင်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတဲ့နေရာသို့ နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ ကာဘိုင်ကျည်အိမ် ၁ ခု၊ ကျည် ၁၆ တောင့်၊ MG 1 လက်ပစ်ဗုံး ၂ လုံး၊ G3 ကျည် ၄ တောင့်၊ ၅.၅၆ ကျည် ၇ တောင့်၊ အီကွက်မန့် ၁ ခု ၊ ဂွရှင် ၁ ချောင်း တို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ Black Cobra ၊ PKU Thurain တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မြိုင်မြို့နယ် ကျေးရွာရှိ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံးပြီးနောက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ကမ္မမြို့ ဘက်ကို ထွက်လာသည့် အကြမ်းဖက်စစ်သား အင်အား ၇၀ ခန့် လိုက်ပါလာသော ကား ၂ စီးကို ပခုက္ကူမြို့နယ် ကန်တော်ရွာ အနီးအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက အသင့်ထောင်ထားသော မိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၂၂ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား ၁ စီးပျက်စီးပြီး ကျန်ကား ၁ စီးမှာ ပခုက္ကူမြို့နယ် ၊ ကမ္မမြို့နှင့် မြိုင်မြို့နယ် တောင်ပိုင်းရှိ ပျူစောထီးကျေးရွာများကို ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲ သေဆုံး စစ်သားများနှင့် ဒဏ်ရာရ စစ်သားများ တင်ဆောင်ကာ ပခုက္ကူမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွား ကြောင်းနှင့် မိုင်းထိပျက်စီးသော ကားမှာ နေရာတွင် ကျန်ရှိနေခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ အသုံးပြုသော ကာဘိုင်ကျည်အိမ် ၁ ခု၊ ကျည် ၁၆ တောင့်၊ MG ၁ လက်ပစ်ဗုံး ၂ လုံး၊ G3 ကျည် ၄ တောင့်၊ ၅.၅၆ ကျည် ၇ တောင့်၊ အီကွက်မန့် ၁ ခု နှင့် ဂွရှင် ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra နှင့် PKU Thurain တပ်ခွဲတို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြိုင်မြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးလာပါက အသင့်တိုက်ခိုက်ရန် တိုက်မိုင်း၊ နင်းမိုင်း၊ ဆွဲမိုင်း များပြင်ဆင်ထားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်စည် မြေပြင်မှ စစ်ကူ၊ ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် ဩဂုတ်လ ၅ ရက်နေ့နှင့် ဩဂုတ်လ ၆ ရက်နေ့တို့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို Mi 35 ၊ ဂျက်ဖိုက်တာ၊ Y 12 ၊ SU 30 လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း မြိုင်ပကဖ ကပြောဆိုသည်။