ပြင်ဦးလွင် တပ်ဘက် အရာရှိမိသားစုများ စတင်ထွက်ခွာပါပြီ။
သသနတပ်
BEတပ်
DSA
DSTA
အစရှိတဲ့ တပ်အားလုံးက မိသားစုများကို စစ်ကားအများပြားဖြင့် နေပြည်တော်သို့ပို့ဆောင်။
အရာရှိမိသားစုများ ကိုယ်ပိုင်ကားဖြင့်လိုက်ပါ။
အောက်ခြေမိသားစုများ နေပြည်တော်မခေါ်ဘဲ မြို့တွင်းသို့ စေလွှတ်
ကိုယ့်အစီစဥ်ဖြင့်ကိုယ် ဘေးလွတ်ရာနေဖို့ ညွှန်ကြား။
7.8.2024
မနက် ၁၀ နာရီမှစ ပွဲကောက်ရေတံခွန်အနီးမှစ၍ နောင်ချိုဘက်မှလာသည့်ကားများကို အဝင်မခံတော့ပါ ။
တပ်အတွင်း အနီရောင်အဆင့်ကြေညာပြီး မြို့အတွင်း အရပ်ဝတ်များဖြင့် စရဖများ ရှိနေပါသည် ။
Bosskei
အိပ်ကာနီး မပြောမဖြစ်လို့ ပြောပါရစေ …
ကံကြမ္မာ ရဟတ်တစ်ပါတ်က မြန်မြန်လည်နေပြီ။
တစ်ခုခုဖြစ်ရင် စစ်တပ်ကဘဲတွေ အရင်လစ်တာ လေ …အေးဆေးဘဲ
ပြင်ဦးလွင်၊ မန္တလေး အားလုံး ရေခဲတာမှ တကယ့် ရေခဲစစ်စစ်ပါ။
စစ်တပ်က ငတိတွေ အော်တိုပြေးလေ …
ပြေးရင်း ပြန်ဆုံ ဒို့ရန်ကုန်
ဇင် ယော်
၂၀၂၄ သြဂုတ် ၀၇ ၂၁၃၅
ရှစ်လေးလုံးနေ့မှာ တော်လှန်ရေးတပ်တွေ ဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် ပြင်ဦးလွင်မှာ စစ်အုပ်စုက တစ်မြို့လုံး လုံခြုံရေးတင်းကြပ်ပြီး တပ်ဖြန့်တိုးမြှင့်နေ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ဒီကနေ့မှာ စစ်အုပ်စုက လုံခြုံရေးအင်အားတိုးမြှင့်ပြီး တစ်မြို့လုံးနီးပါး တပ်ဖြန့် နေ ရာချထားတယ်လို့ ပြင်ဦးလွင်မြို့ခံတွေက ပြောပါတယ်။
လူနေရပ်ကွက်အတွင်းရှိ အထပ်မြင့်အဆောက်အဦးတွေပေါ်မှာလည်း နေရာယူတပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက်ဖြန် ဩဂုတ်လ ၈ ရက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ တော်လှန်ရေးအင်အားစုတွေ ဝင်တိုက်နိုင်တယ် ဆို တဲ့ သတင်းပြန့်နေတာကြောင့် အခုလို ခံစစ်ပြင်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
“စခတွေ လူဖြန့်နေတယ်။ Ruby mark တို့ ဘာတို့မှရော။ ပြီးတော့ လူနေရပ်ကွက်ထဲက တိုက်အမြင့်တချို့မှာ ဝင်နေရာယူထားတယ်”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်အုပ်စုတွေဟာ ယင်းတို့ရဲ့မိသားစုဝင် အများအပြားကိုတော့ ဒီရက်ပိုင်းမှာပဲ မြို့ကနေ ဘေးလွတ်ကင်းရာ ဒေသ တွေဆီ ရွှေ့ပြောင်းခိုင်းနေပေမယ့် ပြင်ဦးလွင်မြို့ခံ အရပ်သားလူငယ်တွေကိုတော့ စစ်မှုထမ်းဖို့ အတင်းအကြပ် ဖမ်း ဆီးနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“C လမ်းနဲ့ B လမ်းထဲက ယောကျ်ားလေးတွေ အကုန်ဆွဲတယ်။ တစ်ရက် နှစ်ရက်ပဲ ရှိဦးမယ်။ အရေအတွက် မသိရဘူး။ စစ်မှုထမ်း မဝင်မနေရ သဘော ဆွဲတာတဲ့”လို့ မြို့ခံ လူငယ်တစ်ဦးက ဆိုပါတယ်။
ပြင်ဦးလွင် စစ်ဆေးရုံအတွင်းမှာ ရှိတဲ့ စစ်အုပ်စုရဲ့ လူနာတွေကိုလည်း အခုရက်ပိုင်း နေရာရွှေ့ပြောင်းပေးနေတယ် လို့ စစ်ဆေးရုံဝန်ထမ်း မိသားစုတွေက ဆိုပါတယ်။
“စစ်ဆေးရုံထဲက လူနာတွေတော့ ရွေ့တယ်ပြောတယ်။ နည်းနည်းချင်း ရွှေ့တယ်ပြောတယ်။ အကုန် ရွှေ့မရွှေ့တော့ မသိဘူး။ အခြားသူတွေလည်း အထုပ်တွေ ဘာတွေပြင်ထားတယ်ပြောတယ်”လို့ ဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ပြင်ဦးလွင်မြို့ပတ်လမ်းပေါ်မှာလည်း စစ်ဆေးရေးတင်းကြပ်နေပြီး အရပ်သားတွေကို ဖမ်းဆီး နေသ လို ပြင်ဦးလွင်-မန္တလေး လမ်းကြောမှာလည်း စစ်ဆေးရေးတင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးကို ဆင်းတဲ့ လမ်းပေါ်မှာရှိတဲ့ ဇီးပင်ကြီးဂိတ်မှာ ခရီးသွား ကားတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲ့ဒီအပြင် ပြင်ဦးလွင် အဆင်း ကျောက်ချောကျေးရွာရှိ ၁၆ မိုင်ဂိတ်မှာလည်း ခရီးသွားကားတွေနဲ့ လိုင်းကားတွေ ကို အစစ်အဆေး ဆိုးဆိုးရွားရွားတင်းကြပ်နေတယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။