Yoma Fighter PDF မှ ရဲဘော်ခင် မောင်မောင်(ခ)ချဲလေး တိုက်ပွဲအတွင်းကျဆုံးခဲ့
ရှမ်းပြည်နယ်၊လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက် ခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အခြေစိုက် Yoma Fighter PDF တာဝန်ရှိသူကပြောသည်။
“ကျွန်တော်တို့ ဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ အောက်ကတပ်ရင်းဖြစ်ပါတယ်။MNDAA ကို ရောက်ရတာကတော့ MOD ရဲ့ ချိတ်ဆက်ညွှန်ကြားမှု့နဲ့ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကျရာနေရာကနေ တာဝန်ထမ်းဆောင်ဖို့အတွက်ဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက လားရှိုးမြို့သိမ်းတိုက်ပွဲ၌ ပါဝင်ဖြစ်ခဲ့သည်ကို ရှင်းပြ သည်။
တိုင်းရင်းသားလက်နက်ကိုင် EAO များနှင့် တိုက်ပွဲ အတူဝင်ရောက်ရာမှ အတွေ့အကြုံနှင့် စစ်လက်နက် အထောက်အပံ့များရရှိမည်ဟုလည်း အသိပေးသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ထိုးစစ်ဆင်သိမ်းပိုက်စဥ်အတွင်း ဟိုယရွာအနီး တိုက်ပွဲ၌ Yoma Fighter PDF အဖွဲ့မှ ရဲဘော်ခင် မောင်မောင်(ခ)ချဲလေးမြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု အဖွဲ့မှသိရသည်။
စစ်တပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သော ရမခ (လားရှိုး)ကို သြဂုတ် ၃ ရက်တွင် MNDAA ဦးဆောင်သော ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီ၏ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကိုဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်သား ထောင်နှင့် ချီ လက်နက်ချအညံ့ခဲ့သည်။
ရမခ ကျပြီးနောက် ကစထ (၂) မှူး ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအားရာထူးမှ ထုတ်ပယ်ပြီးစစ်ကောင်စီ ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ် တာဝန်ထမ်းဆောင်ခဲ့သောဒုတိဗိုလ်ချုပ်ကြီး နီလင်းအောင်ကိုစစ်ကောင်စီကခန့်အပ်ထားကြောင်း သိရသည်။
ရှမ်းမြောက်မှာ MNDAA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ က ရဲဘော်တစ်ဦး ကျဆုံး
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ (YOMA Fighter PDF – Yinmabin) အဖွဲ့က အသက် ၂၆ နှစ်အရွယ် ရဲဘော်ခင်မောင်မောင် (ခ) ချဲလေးဟာ ဩဂုတ်လ ၃ ရက်ကကျဆုံးသွား တယ်လို့ အဲဒီတပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ရဲဘော်ချဲလေး (ခ) ခင်မောင်မောင်ဟာ ဩဂုတ်လ ၃ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ် မြို့ နယ်၊ ဟိုယရွာအနီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ-၆၇) အင်အား ဖြည့်စစ်ကြောင်းက ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ထိမှန်ဒဏ်ရာ ကျဆုံးခဲ့တာဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ဆိုပါတယ်။
“ကျွန်တောတို့တပ်ရင်းက ရဲဘော် တစ်ယောက်ကျပြီး တစ်ယောက်မစိုးရိမ်ရ ဒဏ်ရာရတာပါ။ ရှမ်းမြောက်သွားတဲ့ သူတွေထဲက သူက ပထမဆုံးကျတာ ဟုတ်ပါတယ်။ နောက်ထပ်လည်းမကျပါရစေနဲ့” လို့ ယင်းမာပင်ခရိုင်တပ်ရင်း -၃၄ ရဲ့ ဘဏ္ဍာရေးမှူးက ပြောပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ မှာ ရဲဘော် ခင်မောင်မောင်(ခေါ်)ချဲလေး အပါအဝင် သူတို့တို့မိသားစုဝင်သုံးဦးစလုံး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွကပါဝင်ဆင်နွှဲနေခဲ့တာဖြစ်ပြီး လက်ရှိမှာ ရဲဘော်ချဲလေးရဲ့ ဖခင်နဲ့ ညီဖြစ်သူတို့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
“ရဲဘော်ခင်မောင်မောင်(ခ) ချဲလေးတို့မိသားစုမှာ သူတို့အဖေအပါအဝင် တစ်အိမ်တည်းသုံးယောက်(တော်လှန်ရေး မှာ)ပါဝင်နေပါတယ်။ ညီအရင်းတစ်ယောက်က အခုလက်ရှိရှမ်းမြောက်မှာပဲဆက်လက်တိုက်ပွဲဝင်နေပါတယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း -၃၄ ရဲ့ ဘဏ္ဍာရေးမှူးက ဆိုပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း-၃၄ ကနေ လက်ရှိရှမ်းမြောက်မှာ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ရဲဘော် ၄၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ရှမ်း-မန်း စစ်ဆင်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ညွှန်ကြားမှုနဲ့ စစ် ကိုင်း တိုင်းရှိ ရွှေဘိုခရိုင်တပ်ရင်း ခုနစ်ရင်းက ရဲဘော်တွေ၊ ယင်းမာပင်ခရိုင်ဗျူဟာ -၄၇ ကရဲဘော်တွေ ညီနော်မဟာ မိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ရဲဘော်မြောက်မြားစွာလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။
ပုံစာ ။ ကျဆုံးသွားတဲ့ ရဲဘော်ခင်မောင်မောင်(ခ) ချဲလေး