မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး ၅ ဦး လက်နက်ချ အညံ့ခံ

လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ၅ ဦး လက်နက်ချ အညံ့ခံကာ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင် ပကဖ နှင့် အညာမြေ တပ်ပေါင်းစု မှ တာဝန်ရှိသူများက အတည်ပြု ပြောဆိုသည်။

ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကိုင်းတောမ ရွာသစ်ကျေးရွာတွင် အခြေချပြီး အနီးအနား ပတ်ဝန်းကျင် ကျေးရွာများကို ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင်မြို့နယ် အတွင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း ၁၂ လောင်း သိမ်းဆည်းရရှိပြီး လက်နက်ချ အညံ့ခံသူ ၅ ဦးရှိကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA1 – ၆ လက် ၊ MA2 – ၃ လက် ၊ MA3 – ၄ လက် ၊ MA4 – ၁ လက် ၊ MA11 – ၁ လက် ၊ G3 – ၂ လက် ၊ 79MM – ၁ လက် ၊ BA100( ၆၀ မမ) – ၁ လက် ၊ G3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉ မမ ကျည် ၁၉၆ တောင့် ၊ ၆၀ မမ အဖူး ၁ ဖူး ၊ ၈၁ မမအဖူး ၅ ဖူး ၊ ၄၀မမအဖူး ၁၂ ဖူး ၊ အီနာဂါ ၃ ဖူး ၊ RPGအဖူး ၃ ဖူး ၊ လက်ပစ်သီး ၃ လုံးနှင့် အခြားပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၂ ၊ ၆ ၊ ၇)တပ်ရင်းများ ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲမှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ေရေးတပ်ဖွဲ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(မြိုင်) ၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲများ ၊ ဒရုန်းတပ်ဖွဲများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top