ကျပ်ထိုးနယ်မြေရဲစခန်းတစ်ခုလုံးကို ဘူဒိုဇာဖြင့် ထိုးပြီး မီးရှို့ ရှင်းလင်း

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်များ စွန့်ခွာထွက်ပြေးသွားသော ကျပ်ထိုးနယ်မြေရဲစခန်းတစ်ခုလုံးကို ဘူဒိုဇာဖြင့် ထိုးပြီး မီးရှို့ ရှင်းလင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်များ စွန့်ခွာထွက်ပြေးသွားသော ကျပ်ထိုးနယ်မြေရဲစခန်းတစ်ခုလုံးကို ဘူဒိုဇာဖြင့် ထိုးပြီး မီးရှို့ ရှင်းလင်းလိုက်ကြောင်း ABSDF Column – 3 က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း၊ ပခုက္ကူမြို့နယ် ကျပ်ထိုးအုပ်စု၊ ကျပ်ထိုးနယ်မြေရဲကင်းတွင် စစ်ကောင်စီတပ်များက စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ကျပ်ထိုးနယ်မြေရဲကင်း သည် ရဲအင်အား ၂၀ ကျော်ဖြင့် ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် မြစ်ခြေမြို့ ဆက်သွယ်ထားသည့် လမ်းမပေါ်တွင် တည်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသည့် စစ်တပ်အထိုင် စခန်းရှိ မြေစိုက်ဘန်ကာများ အဆောက်အဦးများကို ABSDF အမှတ် ၃ စစ် ကြောင်းမှ မီးရှို့ ဖျက်ဆီးခြင်းများ ဘူထိုဇာ အသုံးပြု၍ ဖျက်ဆီးခြင်းများအား ဒေသခံများ ၊ တော်လှန်ရေးအင်အားစုများဖြင့် ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ပြင် ပခုက္ကူမြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ သာကြီးတောင် ရေနံမြေ ရဲကင်းကို ဩဂုတ်လ ၂၀ရက်နေ့ ပေါက်မြို့နယ် ပကဖ နှင့် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ပိုင်းက စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *