ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းတမာန် GZ Federal Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးထိမှန်ကာ ၇ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆားလင်းကြီးမြို့ပေါ်ရဲစခန်းကို တော်လှန်ရေးတပ်ပေါင်းစု ၀င်တိုက်တာ စစ်ခွေး ၇ ကောင်သေတယ်။ ၄ ကောင် ဒဏ်ရာပြင်းထန်တယ်လို့ အတွင်း သတင်းအရ သိရပါတယ်” ဟု ဒေါင်းတမာန် GZ Federal Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းတမာန် GZ Federal Army အဖွဲ့နှင့် ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိ အခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆားလင်းကြီးမြို့ပေါ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် Monywa People Defense Force Salingyi Subcommittee ။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top