စစ်ရှုံး၍ ထွက်ပြေးသွားသော ဗျူဟာမှူးကို KIA က လိုက်လံရှာဖွေနေ

ထီးချိုင့်၊ မြတောင်ရွာရှိ စစ်တပ် စခန်းကို KIA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

စစ်ရှုံး၍ ထွက်ပြေးသွားသော ဗျူဟာမှူးကို KIA က လိုက်လံရှာဖွေနေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထီးချိုင့်မြို့နယ်၊ မြတောင်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို KIA ၊ KPDF နှင့် ABSDF တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကာ စစ်ကောင်စီ တပ်သားများ ထိတိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ရှုံး၍ ထွက်ပြေးသွားသော ဗျူဟာမှူးနှင့် စစ်ကောင်စီ တပ်သား တချို့ကို KIA က လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။

“ဒီနေ့ ၄ နာရီမှာ မြတောင်မှာရှိတဲ့ စစ်ခွေး စခန်း အားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပါပြီ မြတောင်မှာ စစ်ခွေးကင်းစင်ပြီ စစ်ခွေးသေဆုံးမှုနဲ့ လက်နက် သိမ်းဆည်းရရှိမှု အသေးစိတ်တော့ သတင်းမရသေးဘူး။ ဗျူဟာမှူးနဲ့ အဖွဲ့က ထွက်ပြေးသွားတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းကို KIA က ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထိုး စစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *