ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ဦးကို MNDAAနှင့် PDFတပ်ပေါင်းစုက ထပ်မံ လွှတ်ပေး

အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ဦးကို MNDAAနှင့် PDFတပ်ပေါင်းစုက ထပ်မံ လွှတ်ပေး

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ဦးကို MNDAAနှင့် PDF တပ်ပေါင်းစုက ထပ်မံ လွှတ်ပေးခဲ့ကြောင်း စစ်ရေးသတင်းမြစ်ကပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ကို MNDAAနှင့် PDFတပ်ပေါင်းစုက ထပ်မံ လွှတ်ပေးခဲ့ကြောင်း၊ ထိုသို့ လွှတ်ပေးရာတွင် SSPP အဖွဲ့နှင့် ချိတ်ဆက်၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ MNDAAနဲ့ PDF တပ်ပေါင်းစုကနေ လားရှိး (ရမခ) ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိခဲ့တဲ့ ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦးအပါအဝင် ၂၉၇ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ခုလို ပြန်လွှတ်ပေးတဲ့နေရာမှာ မဟာမိတ် SSPP နဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီး ပို့ဆောင်ပေးခဲ့ပါတယ်” ဟု စစ်ရေးသတင်းမြစ်က ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top