မြောင် ကျောက်ရစ်ရဲစခန်းသိမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ရက် နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်အင်အား ၁၀၀ခန့်ရှိသော ကျောက်ရစ်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကြောင်း သုံးကြောင်းခွဲ၍ စခန်းအခြေအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စမာက ပြောသည်။

တိုက်ပွဲမှာ တစ်မနက်ခင်းလုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာ၍ နေ့လယ် ၁၂ နာရီခန့်တွင် လေယာဥ် ၂ စီးဖြင့် ပေါင် ၂၀ဝ ဗုံး ၈လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ရေစကြိုမြို့နယ်ဘက်မှလည်း လက်နက်ကြီး ၁၈ လုံးခန့်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နေ့လယ် ၁ နာရီခန့်အထိ ၅ နာရီကြာ ပြင်းထန်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“လေကြောင်းပစ်တာနဲ့ ရဲဘော်တွေထိတာများလို့ အခြားတပ်ဖွဲ့တွေက ဆုတ်လို့ပြန်ခေါက်လာတာပါ။ စခန်းနဲ့ မီတာ၅၀ထိ ကျွန်တော်တို့ ဝင် ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ သူတို့လည်းအထိနာလို့လေကြောင်းခေါ်တာလို့ကြားရပါတယ်။”ဟု ဗိုလ်စင်္ကြာအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စမာက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော် ၁၃ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၂ ဦးစိုးရိမ်ရကြောင်း မြောင်မြို့နယ် ပြည့်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOMမြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာစစ်ကြောင်း၊
MRF (စားဖို)စစ်ကြောင်း၊MSPDF စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ရစ်စခန်းတိုက်ခိုက်ခံရပြီးနောက် မြောင်မြို့ပေါ်ရဲစခန်း၌ စစ်ကောင်စီတပ်အင်အားတိုးမြင့်မှုများရှိကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လေကြောင်းဖြင့် ခုခံ၍ ရဲစခန်းကို အပြီးသတ် မသိမ်းနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ခုခံ တိုက်ခိုက်ခြင်းကြောင့် ရဲစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိကြောင်း မြောင်မြိုနယ် ပြည့်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ CDSOM မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို မြောင်မြို့နယ် ပြည့်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM နှင့် မဟာမိတ် တပ်ဖွဲ့များက နံနက် ၈ နာရီ မှစတင်၍ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရာ မွန်းလွဲ ၁ နာရီထိ ၅ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ စတင်ချိန်မှ စ၍ ရေစကြိုဘက်မှ ဟောက်ဝှစ်ဇာ လက်နက်ကြီး ၁၈ လုံးခန့်ဖြင့် ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် တိုက်လေယဥ် ၂ စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိ နိုင်သော်လည်း အတည်ပြုနိုင်ခြင်း မရရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး စိုးရိမ်ရကြောင်း သိရသည်။

” ကျောက်ရစ် ခွေးရဲစခန်း တစ်ခုလုံးကို သိမ်းပိုက်နိုက်ဖို့ တိုက်ခိုက်ခဲ့ပေမယ့် လေကြောင်းကြောင့် မရခဲ့လိုက်ဘူး။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု မြောင်မြိုနယ် ပြည့်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ CDSOM မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာစစ်ကြောင်း၊ MRF (စားဖို) စစ်ကြောင်း၊ MSPDF စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *