အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ

၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်

အာရက္ခတပ်တော်သည် အာရက္ခဒေသတွင်းရှိ လက်ကျန်မြို့များထဲမှ မောင်တောမြို့ နှင့် ကျိန္တလီမြို့ များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများအား တစ်ခုမကျန်ထိုးစစ်ဆင် တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တစ်နည်းအားဖြင့် မောင်တော နှင့် ကျိန္တလီမြို့သိမ်းတိုက်ပွဲအား ဆင်နွှဲနေခြင်းဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့အတွင်း ခံစစ် ပြင်ဆင်ထားသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့ လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက် တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တော မြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့်မြို့တစ်မြို့ဖြစ်လာတော့မည် ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့တွင် မောင်တောမြို့သိမ်းတိုက်ပွဲအား စတင်ခဲ့သော်လည်း မောင်တောမြို့ ပတ်ဝန်းကျင်ရှိ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန်အတွက် ကြိုးပမ်းနေခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း နှစ်ဆယ်ကြာ အတော အတွင်း မောင်တောမြို့အတွင်းမှ ဖက်ဆစ် စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို့ အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်သော ဖက်ဆစ် စစ်ကောင်စီသည် ၎င်းတို့၏ ယုတ်မာသောအကျင့်အတိုင်း မောင်တောမြို့အတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများအား မီးရှို့ ဖျက်ဆီးခြင်း များပြုလုပ်ပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိနေပြီဖြစ်သည်။ မိမိတို့မှလည်း ထွက်ပြေးနေသူများအပါအဝင် ခုခံစစ်များကိုဆင်နွှဲနေသောသူများအား လိုက်လံချေမှုန်းလျက် ရှိသည်။

မောင်တောမြို့နှင့် အနီးဝန်းကျင်နေရာများသို့ ထွက်ပြေးလွတ်မြောက်နေသည့် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရန်သူ့ အကြမ်းဖက်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ ARA၊ ARSA၊ RSO အစွန်းရောက် လက်နက်ကိုင်မူဆလင်များနှင့် ၎င်းတို့လက်ပါးစေများကို ယခုရက်သတ္တပတ်များအတွင်း နေ့တိုင်းဖမ်းဆီးရမိ သကဲ့သို့ ၎င်းတို့အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို ဆက်တိုက် သိမ်းဆည်းရမိခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ ဤတိုက်ပွဲနေရာများ၌ ရန်သူ့ဘက်မှ ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိသောကြောင့် ဤနေရာများ၌ ဖြစ်ပွားနေသော တိုက်ပွဲများ သည်လည်း တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လျက်ရှိသည်။

အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့ များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ မိမိတို့အား ခုခံနေသည့် ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်သည်။ နောက်ဆုံးရတိုက်ပွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *