စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် လမ်းတလျှောက် စစ်အုပ်စု ကင်းစင်

သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးသော အင်အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိ၊ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းတွင် စစ်တပ်စခန်း မရှိတော့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးသော အင် အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြိုနယ် ၊ ကွင်း ၅၀၀ တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင် စီတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိရခဲ့ကြောင်း၊ ကွင်း ၅၀၀ တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား ၄၀၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကွင်း ၅၀၀ တပ်စခန်းမှ စစ်တပ်၏ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်း ဆီးရမိခဲ့ကြောင်း သိရှိရသည်။

ကွင်း ၅၀၀ တပ်စခန်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်ဖွဲများဘက်မှ ရဲဘော်များ ကျဆုံးမှုရှိကြောင်း၊ ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားသည်။

🔺ခရိုင် တစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တဲ့ MDY-PDF🔺

မန္တလေးတိုင်း၊ သပိတ်ကျင်း ခရိုင် အတွင်းမှာ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး နဲ့ တကောင်း ဆိုတဲ့ မြို့ (၄) မြို့ ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အဆိုပါ မြို့ (၄) မြို့လုံးကို အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်တာကြောင့် MDY-PDF ဟာ ခရိုင် တစ်ခုလုံးကို ပထမဆုံး သိမ်းပိုက်နိုင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Big Congrats to MDY-PDF !!

ဗိုလ်မှူးချုပ်အဆင့် ဦးစီးပြီး စစ်အုပ်စု အင်အား(၄၀၀)ရှိတဲ့ သပိတ်ကျင်း ကွင်း(၅၀၀) စခန်းကို ရက်(၂၀)ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိ

စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် လမ်းတလျှောက် စစ်အုပ်စု ကင်းစင်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း(၅၀၀)တပ်စခန်းကု ဩဂုတ်လ(၅)ရက်က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ(၂၅)ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းနယ် ကွင်း(၅၀၀)တပ်စခန်းမှာ ဗိုလ်မှူးချုပ်အဆင့် စိုးကျော်ထိုက် ဦးစီးတဲ့ စစ်အုပ်စု အင်အား (၄၀၀)ခန့် ရှိနေပြီး စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

“သပိတ်ကျင်းမြို့နယ် ၊ ကွင်း(၅၀၀)တွင် အခြေပြု လှုပ်ရှားလျက်ရှိသော စစ်ကောင်စီ တပ်စခန်းကို ၂၀၂၄ ဩဂုတ်လ (၂၅)ရက်တွင် အပြီးသတ် သိမ်းပိုက် ရရှိရခဲ့သည်။ ကွင်း(၅၀၀)တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား(၄၀၀)ခန့်အား ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)သည် ၂၀၂၄ ဩဂုတ်လ (၅)ရက်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရက်(၂၀)ခန့်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်” လို့ MDY-PDF က ဖော်ပြပါတယ်။

ကွင်း(၅၀၀)တပ် စခန်သိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိသလို သုံ့ပန်းတချို့ ဖမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။

“ကွင်း(၅၀၀)တပ် စခန်း တိုက်ပွဲများတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)နှင့် ပူးပေါင်း တပ်ဖွဲ့များဘက်တွင်လည်း ပေးဆပ်မှုအချို့ ရှိခဲ့သည်” လို့ MDY-PDF က ဖော်ပြပါတယ်။

MDY-PDF နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စဉ့်ကူးမြို့ အပါအဝင် စဉ့်ကူးနယ် တနယ်လုံးကို သိမ်းပိုက် ထားပြီး ဖြစ်သလို သပိတ်ကျင်းနယ်၊ မန္တလေး – မိုးကုတ် လမ်းတလျှောက်က စစ်အုပ်စုရဲ့ အခိုင်အမာ တပ်စခန်းတွေ ဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ) – (၁၄၈) အပါအဝင် ဇရပ်ကွင်းရွာ တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်း၊ စုစုပေါင်း တပ်စခန်း ကိုးခုကိုလည်း ယခု လအတွင်း သိမ်းပိုက် ရရှိ ထားပြီး ဖြစ်ပါတယ်။

“ယခုအခါ မိုးကုတ်နှင့် စဉ့်ကူး လမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက် တပ်စခန်းများ အပါအဝင် စခန်းငယ်များ အားလုံး ကင်းစင်သွားပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ့က ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ သပိတ်ကျင်းမြို့ကိုလည်း ဩဂုတ်လ (၁၇) ရက်မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၂၅) ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သပိတ်ကျင်းနယ်က နောက်ဆုံးလက်ကျန် စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ပြီမို့ သပိတ်ကျင်းမြို့ သာမက သပိတ်ကျင်း တနယ်လုံး စစ်အုပ်စု ကင်းစင်ပြီလို့ ဆိုနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ကွင်း(၅၀၀)တပ်စခန်း စခန်းသိမ်းတိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက် ခဲယမ်းတွေ/Photo – MDY-PDF


Comments

Leave a Reply

Your email address will not be published. Required fields are marked *