စစ်ကောင်စီသည် လွန်ခဲ့သည့် ၃ ရက်ခန့်က ခမရ ၄၂၂ အနီးရှိ မိုးဗြဲရေ ကာတာကို ဖောက်ချပြီး မိုးဗြဲမြို့အား စစ်ကြောင်းထိုးလာကြောင်း တော် လှန်ရေး အင်အားစုများက ပြောသည်။
ရှေ့တန်းသတင်းရင်းမြစ်တဦးက “စစ်ကြောင်း ၃ ကြောင်းနဲ့ မိုးဗြဲကို ထိုးလာတယ်။ ပြန်တိုက်တော့ လန်ပြီး ပြန်ဆုတ်သွားတယ်” ဟု ဆိုသည်။
စစ်တပ်သည် သြဂုတ်၂၃ ရက် ည ၁၁ နာရီခန့်တွင် ရေကာတာ ရေတံခါးကို ဖွင့်ချပြီး မနက် ၂ နာရီ၌ စစ်ကြောင်းထိုးလာကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သော ဇူလိုင်၂၄ ရက်ကလည်း ခမရ ၄၂၂ သည် ဆည်ရေဖွင့်ချခဲ့သည့်အတွက် လယ်ဧက ထောင်နှင့်ချီ ရေနစ်မြုပ်ပျက်စီးခဲ့သည့်အပြင် ဘီလူးချောင်းဘေးရှိ စစ်ရှောင်များ ရေလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
လတ်တလော၌ ရေနစ်မြုပ်နေသည့် စစ်ဘေးရှောင်များအတွက် ဆန်၊ အမိုးအကာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေသလို အရေပြားတွင် ယားနာများဖြစ်ပွားနေသဖြင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
Leave a Reply