ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အဆောက်အအုံ တစ်လုံး ပြိုကျပြီး ဝန်ထမ်းလိုင်းခန်း မီးလောင်

တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အဆောက်အအုံ တစ်လုံး ပြိုကျပြီး ဝန်ထမ်းလိုင်းခန်း မီးလောင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အဆောက် အအုံ တစ်လုံးပြိုကျပြီး ဝန်ထမ်းလိုင်းခန်း မီးလောင်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်က တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းကို တောင်သာမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ ရာ ရဲစခန်းအတွင်းရှိ အဆောက်အအုံတစ်လုံး ပြိုကျပျက်စီးကာ ဝန်ထမ်းလိုင်းခန်းတစ်ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဝဲလောင်စခန်းကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းချတယ်။ အလုံးရေက လည်း များတယ်။ ၁၅ လုံးချတယ်။ အဲဒီမှာ သူတို့ရဲ့ အဆောက်အဦးတစ်ခုပြိုကျပြီးတော့ ဝန်ထမ်း လိုင် ခန်းတစ်ခု မီးလောင်သွားတယ်ပေါ့။ ရဲတွေအထိနာတယ်။ အသေပျောက်ကတော့ အတိအကျ မသိရဘူး။ အထိအခိုက်တွေတော့များတယ်။ အသေအပျောက်လည်းရှိနိုင်တယ်။ အထဲမှာတော့ အရမ်းစိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရတယ်။ နေ့လည် ၁ နာရီ လောက်ကနေ စချတာ ညနေ အထိပဲ တစ်ညနေလုံးပဲချခဲ့တာ”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

အဆိုပါ ဝဲလောင်နယ်မြေသည် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ ဇာတိနယ်မြေဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်၊ ရေတပ်တို့တွင် ဗိုလ်ချုပ်အဆင့်အထိပင် တာဝန်ထမ်းဆောင် နေကြသူများရှိကြောင်း၊ ဝဲလောင်တိုက်နယ် ပတ်ပတ်လည်တွင် ကြိုက်ပါ၊ ရွာသစ်၊ ထနောင်ကုန်း၊ သပွတ်စု စသည့် ပျူစောထီးလက်နက်ကိုင်များရှိသည့် ကျေးရွာများရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *