စစ်တပ် စခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

မုံရွာ-မန္တလေး လမ်းပိုင်း၌ အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ မုံရွာ -မန္တလေးလမ်းဘေး၌ အထိုင်ချတပ်စွဲထား သော စစ်တပ်စခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေ ဆုံးခဲ့ကြောင်း Peacok Drone Team -Myaung မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဩဂုတ်လ ၂၇ ရက်နေ့က အင်အား ၅၀ ခန့်ဖြင့် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီး မုံရွာ -မန္တ လေးလမ်းဘေး၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက လက်နက်ကြီး ၆၀ မမ နှစ်လက်ဖြင့် ဗုံးသီး ၁၅ လုံး၊ ၈၀ မမ လက်နက်ကြီးဖြင့် ဗုံး သီး ၁၂ လုံး၊ Shar Htoo Waw နည်းပညာသုံး Fixed wings Drone ၄ စီးဖြင့် Drop Bomb သီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး သတင်းအမှောင်ချနိုင်ရန် မုံရွာ -မန္တလေးလမ်းပိုင်း အသုံးပြုသွားလာသူများကို ၂ နာရီခန့် ပိတ် ပစ် ခဲ့ကြောင်း၊ ထို့အပြင် ၆၀ မမ၊ ၄၀ မမ၊ စက်လက်၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Peacock Drone Team – Myaung ၊ Standard Revolution Force-SRF MMU ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃ ၊ အင်းလေးသား (SGG)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Golden Triangle (SGG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *