ဆုံးရှုံးခဲ့ရသော မြို့များအပါအဝင် နိုင်ငံတစ်ဝန်းမှ နယ်မြေများကို ပြန်ရရှိရေး ထိုး စစ်များကို ပွင့်လင်းရာသီတွင် စစ်ကောင်စီက စတင်မည်ဟုဆို

ရှမ်းမြောက်မှ ဆုံးရှုံးခဲ့ရသော မြို့များအပါအဝင် နိုင်ငံတစ်ဝန်းမှ နယ်မြေများကို ပြန်ရရှိရေး ထိုး စစ်များကို ပွင့်လင်းရာသီတွင် စစ်ကောင်စီက စတင်မည်ဟုဆို

“လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရန် အချိန်ကျပြီ” ဟု မင်းအောင်လှိုင် ပြောပြန်

ရှမ်းမြောက်ဒေသမှ ဆုံးရှုံးခဲ့ရသော မြို့ကြီးများ အပါအဝင် နိုင်ငံတစ်ဝန်းမှ စစ်တပ် လက်လွှတ်လိုက်ရသော နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် မဟာဗျူဟာမြောက် ထိုးစစ်ကြီးများကို စစ်ကောင်စီက လာမည့် ပွင့်လင်းရာသီတွင် စတင်ရန် ပြင်ဆင်နေကြောင်း နေပြည်တော် စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

နိုင်ငံတစ်ဝန်းမှ ဆုံးရှုံးနယ်မြေများကို ရနိုင်သမျှ အမြန်ဆုံး ပြန်လည် ရရှိရေး ဦးတည်ထားသော စစ်ကောင်စီ၏ မဟာဗျူဟာမြောက် ထိုးစစ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဦးဆောင်မည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း ပြည်သူ့လုံခြုံရေးအဖွဲ့များကလည်း ပါဝင်ကြမည်ဖြစ် ကြောင်း၊ ယင်းစီမံချက်အတွက် စစ်ကောင်စီက အချိန်ယူ ပြင်ဆင်နေပြီး လူသူလက်နက်ခဲယမ်းနှင့် ရိက္ခာများကိုပါ ကြိုတင်စုဆောင်း ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက ဆုံးရှုံးခဲ့ပြီးနောက် စစ်တပ်အတွင်း ဗျူဟာများကို ပြန်လည်သုံးသပ်ရာတွင် ခုခံစစ်တစ်ခုတည်းမဟုတ်ဘဲ ထိုးစစ်များကိုပါ ဟန်ချက်ညီညီဆောင်ရွက်ရန်၊ ပြည်သူများပါဝင်သော ထောက်ပို့လမ်းကြောင်းနှင့် ခုခံကာကွယ်ရေး စနစ်တစ်ရပ် ထူထောင်ခြင်း များ အပါအဝင် ထိုးစစ်အတွက် ပြင်ဆင်မှုများစွာကို ပုံစံသစ် ဗျူဟာသစ်အဖြစ် ပြောင်းလဲ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုး ရမခ၊ ရှမ်းမြောက် အပါအဝင် တစ် နိုင်ငံလုံးမြို့ပေါင်း ၇၀ ကျော် ရှိသော နယ်မြေများစွာ ဆုံးရှုံးပြီးနောက် စစ်ဆင်ရေးနှင့် ဆက်စပ်နေသော စစ်ဘက်နှင့်အရပ်ဘက် အစည်းအဝေးများတွင် လုပ်ဆောင်သင့်သည်များကို၊ လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်ရန် အချိန်ကျပြီဟု မကြာခဏ တဖွဖွ ပြောဆိုနေကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းရွေးကောက်ပွဲမတိုင်မီ ရနိုင်သမျှ နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ရန် စစ်ဆင်ရေး စီမံချက် ရေးဆွဲလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဩဂုတ်လ ၂၃ ရက်နေ့ တောင်ငူခရီးစဉ်တွင် အစည်းအဝေး လုပ်နေသည့် အကြမ်းဖက်မင်းအောင်လှိုင်နှင့် အဖွဲ့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *