မန္တလေး ပြည်ကြီးတံခွန်က ရာအိမ်မှုး နေအိမ်မှာ ပစ်သတ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အင်းခရုဘုရားအနီးမှာ ရာအိမ်မှုးတစ်ဦး နေအိမ်မှာ ရှိနေချိန် သြဂုတ်လ ၂၆ ရက်ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံအချို့ ထံကသိရပါတယ်။

သြဂုတ် ၂၆ ရက် ညပိုင်း ၁၀ နာရီ ခန့်က သင်ပန်းကုန်းလမ်းဆုံ၊ အင်းခရုဘုရားအနီး၊ ၁၁၈ လမ်းနဲ့ ၁၁၉ လမ်းကြား၊ ၅၈ လမ်းနဲ့ ၅၉ လမ်းကြားမှာရှိတဲ့နေအိမ်မှာ ပစ်သတ်ခံရတာပါ။

ပစ်သတ်ခံရတဲ့ သင်ပန်းကုန်းရပ်ကွက် ရာအိမ်မှုးဟာ အသက် ၅၀ အရွယ်ရှိပြီလို့ ဒေသခံ ထံကသိရပါတယ်။

အခုလို ပစ်ခတ်မှု မဖြစ်ပွားခင် ၁၁၉ လမ်း၊ ၅၈ လမ်းနဲ့ ၅၉ လမ်းကြားကလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတာရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီလူငယ်တွေ ဖမ်းဆီးခံရမှုမှာ ရာအိမ်မှုးက လက်ထောက်ချတာလို့သတင်းထွက်နေပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

လက်ရှိမှာတော့ မန္တလေးမှာ စစ်ကောင်စီက စစ်သားစုဆောင်းရာမှာ အောက်ခြေ အုပ်ချုပ်ရေးအဆင့် ဖြစ်တဲ့ ရာအိမ်မှုး၊ ဆယ်အိမ်မှုးတွေက စာရင်းကောက်တာ၊ စစ်မှုထမ်းဖို့ လူစုပေးရတာတွေကို လုပ်ဆောင်ကြတာရှိပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top