ပဲခူးရိုးမအစပ်တိုက်ပွဲထပ်ဖြစ် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ထိခိုက်သေဆုံးများ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့ (သြဂုတ် ၂၇) ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၂၇ညနေပိုင်းက လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစုရွာနှင့် ရေငံရွာများကို ဝင်ရောက်ကာ နေအိမ်များကိုဖျက်ဆီး၍ ပဲခူးရိုးမအစပ်သို့ရောက်လာသော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

တိုက်ပွဲချိန် ၁ နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်း မှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးသည်ဟု ကနဦးသတင်းရရှိကြောင်း တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ဆက်ပြောသည်။

“စကစတွေဘက်ကတော့ အသေအပျောက်များတယ်။ ဒါပေမဲ့ ဒရုန်းနဲ့ ဗုံးတွေကြဲတာရော လက်နက်ကြီးပစ်ကူပေးတာကြောင့်ရော အ လောင်းပုံတွေတော့ မှတ်တမ်းမယူလိုက်နိုင်ဘူး။ လက်နက်တွေတောင် မကောက်လိုက်ရဘူး”ဟု ၎င်းက ရှင်းပြသည်။

ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ဒရုန်းနှင့် လက် နက်ကြီးပစ်ကူများကြောင့် ပြန် လည်ဆုတ်ခွာခဲ့ကြောင်း တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ထို့အပြင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် သြဂုတ် ၂၄ ရက်ကလည်း ရေငံရွာအနီး တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ၂၀ ကျော်သေ၍ ၁၀ ဦးအရှင်ဖမ်းခံရခဲ့ပြီး ​လက်နက်မျိုးစုံ အလက် ၃၀ ​ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

စစ်​ကောင်စီတပ်မှ​သေဆုံးသူများတွင် အရာရှိ (၅) ဦး ပါဝင်ပြီး တပ်မ (၆၆) မှ ဗိုလ်မှူး အဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၁) ဦး၊ ရဲတပ်ရင်း (၁၀) မှ ရဲအုပ်အဆင့် (၁) ဦးနှင့် ဒုရဲအုပ်အဆင့် (၂) ဦး တို့ ဖြစ်သည်ဟု​ဖော်ပြထားသည်။ထို စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂/၃/၅/၆) နှင့် တပ်ရင်း (၃၈၀၃) တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်

စစ်တပ်စစ်​ကြောင်းမှ အထိနာသွားသဖြင့်ပြန်ဆုတ်သွားပြီး​နောက်အင်အားများထပ်မံဖြည့်တင်းကာ ရိုးမအနီးရှိ အုတ်ဖိုစု၊ ရေငံအပါအဝင် ကျေးရွာအချို့ကိုဝင်ရောက်စစ်ကြောင်း ထိုးလျှက်ရှိသည်။

ထို​နောက်တိုက်ပွဲဖြစ်ပွားရာအနီးမှ အုတ်ဖိုစုရွာနှင့် ရေငံရွာမှနေအိမ်များကိုသြဂုတ် ၂၇မနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် အုတ်ဖိုစုရွာဘုန်းကြီးကျောင်းမှခန်းနေဦးဇင်းတစ်ပါးကို လက်ပြန်ကြိုးတပ်ဖမ်း ဆီးကာ ဒေသခံပြည်သူအချို့ကိုလည်း ဓား စာခံအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန က စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနှင့်ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

(​ပဲခူးရိုးမ အစပ် သြဂုတ် ၂၄ ရက်က ​ရေငန်ရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ PDF များနှင့် စစ်သုံ့ပန်းများ။
ဓါတ်ပုံ-NUG-MOD)

စစ်ကြောင်းကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်မှု စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် သေဆုံးသူများပြား

လက်ပံတန်း၊ ရေငံရွာနှင့် အုပ်ဖိုရွာရှိ မီးလောင်ကျွမ်းခြင်း မရှိသေးသော နေအိမ်များကို စစ်တပ်က ယနေ့နံနက်ပိုင်း ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာရှိ မီးလောင်ကျွမ်းခြင်း မရှိသေးသော နေအိမ်များကို အကြမ်းဖက် စစ်တပ်က ယနေ့နံနက်ပိုင်း ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားကပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို စစ်ကြောင်းထိုးလာစဉ် PDF တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား အများအပြားသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းသည် ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် ယင်းနေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရေငံရွာနှင့် အုပ်ဖိုရွာတို့ကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ မီးလောင်ကျွမ်းခြင်းမရှိသော နေအိမ်များကို ယနေ့နံနက်ပိုင်းတွင် ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေကြောင်းသိရှိရသည်။

“မနေ့က လက်ပံတန်း တိုက်ပွဲမှာ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်ခွေး သေဆုံးမှုများတယ်လို့ ကနဦး ကြားသိထားရတယ်။ လက်နက်ကောက်ဖို့လုပ်တော့ ထန်းပင်ချောင်ဘက်က လက်နက်ကြီးနဲ့ ပစ်တာရယ် ဒရုန်းနဲ့ပါဗုံးလာကျဲနေလို့ ပြန်ဆုတ်ပေးလိုက်ရတယ်။ မနေ့ကတော့ ဓာတ်ဆီတွေပါ ထန်းပင်ချောင်က အသစ်ရောက်လာတဲ့ စစ်ခွေးတွေယူလာပြီး ညကမီးရှို့တာ ညက မီးရှို့တာ မလောင်တဲ့အိမ်တွေကို ခုမနက်ထပ်ရှို့နေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားကပြောဆိုသည်။

အဆိုပါ ရေငံရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့၌ အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မြေပြင်တွင် ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *