မန္တလေးမြို့ပေါ် တိုက်ပွဲမဖြစ်ရေး ဝိုင်းတားဆီးပေးကြဖို့ စစ်အုပ်စု တောင်းဆိုဆန္ဒပြ

မန္တလေးမြို့ပေါ် တိုက်ပွဲမဖြစ်ရေး ဝိုင်းတားဆီးပေးကြဖို့ စစ်အုပ်စု တောင်းဆိုဆန္ဒပြ

မန္တလေးမြို့ပေါ် တိုက်ပွဲတွေ မဖြစ်ပွားစေရေး ဝိုင်းဝန်း တားဆီးပေးကြဖို့ စစ်အုပ်စုက ဦးဆောင်ကာ ပျူ၊ သွေးသောက်နဲ့ သင်္ကန်းဝတ်တွေက ဒီကနေ့ ဩဂုတ်လ(၂၉)ရက် နေ့လည်ပိုင်း မန္တလေးတောင်ခြေ၊ ကျုံးပတ်လည်နဲ့ ကမ်းနားလမ်း မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

“မန္တလေးမြိုမှာ ပြည်သူများ စည်းလုံးပြီး ယဉ်ကျေးမှု အမွေအနှစ်များနှင့် မန်းမြိုတော်ကြီးကို ကာကွယ်ဖို့၊ စစ်ဘေး မဖြစ်စေဖို့အတွက် ပြည်သူများ ဆန္ဒထုတ်ဖော် လှုံ့ဆော်မှု ပြုလုပ်” လို့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေက ဓာတ်ပုံတွေနဲ့တကွ သတင်းဖြန့်ပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေက မန္တလေးတိုင်းထဲက စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မတ္တရာနဲ့ ပုသိမ်ကြီးနယ်ထဲအထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်။

တိုက်ပွဲတွေ မန္တလေးမြို့နဲ့ နီးကပ်လာချိန် စစ်အုပ်စုက နန်းမြို့ရိုးပေါ် သံအိတ်ကာတာ၊ ကျုံးရေမခမ်းအောင် အများပြည်သူ သုံးတဲ့ ရေတွေကို ကျုံးထဲဖြည့်တာ အပါအဝင် မန္တလေးမြို့ပေါ်မှာ အကြီးအကျယ် ခံစစ်ပြင်နေပြီး အခုလို တိုက်ပွဲ မဖြစ်ဖို့ ဝိုင်းဝန်းတားဆီးကြဖို့ တောင်းဆို ဆန္ဒပြတာတွေအထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲမှာ ရှုံးနိမ့်ပြီး မြို့တွေ၊ ရွာတွေ၊ စခန်းတွေ လက်လွှတ်ရတိုင်း အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်သလို မြို့ကို ဗုံးကြဲ ဖျက်ဆီးလေ့ ရှိပါတယ်။

မန္တလေးမြို့ပေါ် တိုက်ပွဲမဖြစ်စေရေး ဝိုင်းဝန်းတားဆီးပေးကြဖို့ စစ်အုပ်စု လက်အောက်ခံ ပျူ၊ သွေးသောက်နဲ့ သင်္ကန်းဝတ်တွေ တောင်းဆို ဆန္ဒပြနေစဉ်/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *