လောင်းလုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ခလရ (၁၀၄) တပ်တွင်းလမ်းပိုင်းလုံခြုံရေးယူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး ပြီး သေနတ် နှစ်လက်၊ ခဲယမ်းနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဗထူးတပ်မတော် (BHA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဩဂုတ်လ ၂၈ ရက်) ၇နာရီ ၃၇ မိနစ်တွင် ခလရ (၁၀၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်ကျောင်းသားများ ကျောင်းကားသွားရာ လမ်းပိုင်းဖြစ်သည့် တပ်နှင့် သောကြာပြင်ကျေးရွာအကြားကို လုံခြုံရေးယူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်၏ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ထက်မြက် က ပြောသည်။

“ ကင်းလာယူတာ သုံးဦးမှာအရင် ပစ်ကွင်းထဲ ဝင်လာတဲ့ နှစ်ကောင်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခိုက်တာ၊ ကျန်တဲ့ တယောက်က အဝေးမှာဆိုတော့ ကျတော်တို့ ပစ်ပေမယ့် ဒဏ်ရာလောက်ပဲရပြီး ထွက်ပြေးသွားတာ” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မှ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း ၊ အခင်းဖြစ်ပွားရာ အနီးတ၀ိုက်ရှိနေအိမ်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အနီအနားရှိ ကျေးရွာများကို စစ်ကြောင်းဖြင့် ဝင်ရောက် စစ်ဆေးခြင်းများ ပြုလုပ်သွားကြောင်း ရဲဘော်ထက်မြက် ကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း စစ်ရေးအသိ သတိ ဖြင့် သွားလာနေထိုင်ကြရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များမှ တရားဝင် အသိပေးထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ပေးကြဖို့အတွက်ကိုလည်း ဗထူးတပ်မတော်မှ အသိပေးထားသည်။

Photo – လောင်းလုံတွင် စစ်ကောင်းစီတပ်ဖွဲမှ သိမ်းဆည်းရမိလက်နက်ခဲယမ်းများနှင့်ဗထူးတပ်မတော်တပ်ဖွဲ့ ဝင်များကိုတွေ့ရစဉ်(ဓါတ်ပုံ – ဗထူးတပ်မတော်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *