ရွှေဘိုနယ်မှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက် လူစုနေတဲ့ ပျူရွာတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ရွှေဘိုနယ်မှာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ အဓမ္မ လူသစ်စုဆောင်းနေတဲ့ ပျူစောထီး ရွာတွေကို ဒရုန်းဗုံးသီးချပြီး သုံးရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုနယ်တော်လှန်ရေးအင်အားစုဖြစ်တဲ့ Shwebo Crocodile (ဗိုလ်မိကျောင်း)ကပြောပါတယ်။

စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေဟာ ဇီးကုန်းလေး၊ သီးလုံး ၊ ပန်းရံ စတဲ့ ကျေးရွာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့လူသစ်စုဆောင်းနေချိန် ဩဂုတ်လ (၂၇)ရက် ကနေ ဩဂုတ်လ (၂၉)ရက် ထိ သုံးရက် ဆက် ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တာလို့ Shwebo Crocodile ဗိုလ်မိကျောင်းက ပြောပါတယ်။

“သုံးရက်ဆက်တိုက် နေ့ရော၊ ညရော ဆက်တိုက်ချတာပေါ့။ ဇီးကုန်းလေးကျေးရွာက စစ်မှုထမ်းဖို့အတွက် စစ် ကောင်စီရဲ့အလိုကျ ပျူစောထီးတွေက ကျေးရွာအတွင်းရှိတဲ့ ပြည်သူတွေကို စစ်မှုထမ်းဖို့ အစည်းအဝေးခေါ်တာ ပေါ့နော်။ မဖြစ်မနေ အသက်(၁၈)နှစ်ကနေ (၆၀)အထိပေါ့နော်။ အဲ့ဒီခေါ်ယူတယ်ဆိုတာ သတင်းရရှိလို့ အစည်း အ ဝေးကို ပြည်သူတွေအတွက် အစည်းအဝေး မဖြစ်မြောက်ရေးအတွက် ဒီပျူတွေရှိတဲ့ အထိုင်ကာကင်းတွေကို ဒရုန်း နဲ့ တိုက်ခိုက်တာဗျ” လို့ Shwebo Crocodile ဗိုလ်မိကျောင်းက ဆိုပါတယ်။

အခုလို သုံးရက်ကြာ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် သီးလုံးပျူစောထီးကျေးရွာက ပျူစောထီး တင်လင်းရဲ့ ဇနီးမစန်းယု ၊ ညီမဖြစ်သူ မမာလာနဲ့ ကိုနေဖြိုးဝေ တို့သုံးဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုနိုင်ပြီး ဇီးကုန်း လေးနဲ့ပန်းရံ ကျေးရွာတွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Shwebo Croco dile (ဗိုလ်မိကျောင်း)ကပြောပါတယ်။

“သေဆုံးသတင်းကတော့မရသေးဘူး။ သီးလုံးပျူရွာကတော့ ပျူစောထီးလက်နက်ကိုင်တင်လင်းရဲ့အမျိုးသမီးပေါ့။ အကြမ်း ဖက်အားပေးပဲလေ။ စန်းယုရယ်၊ မာလာရယ်၊ သုံးယောက်ပေါ့ ။ သုံးယောက်ထိခိုက်တယ်။ ပန်းရံနဲ့ဇီးကုန်း လေးကတော့သတင်းထောက်လို့မရသေးဘူး” လို့ သူက ဆိုပါတယ်။

လက်ရှိ ရွှေဘို မြို့နယ်အတွင်းမှာ ဇီးကုန်းလေး၊ သီးလုံး၊ ပန်းရံအပါအဝင် ပျူစောထီး ကျေးရွာ (၁၀)ကျော်ခန့် ရှိပြီး စစ်အုပ်စုတပ်တွေက ကျေးရွာအတွင်း လော်ပစီကာနဲ့အော်ကာ လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

စစ်အုပ်စုက အခုလို လူသစ်စုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေ သခံတွေက ဆိုပါတယ်။

အဓမ္မ လူသစ်စုဆောင်းနေတဲ့ ပျူစောထီးကျေးရွာသုံးရွာကို ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေ ဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊စွန်ရဲရွှေဘို ဒေသခံအဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့ ၊ Zay Yar Thwae ၊ HG FIGHTRS ၊ ရွှေဘိုအားမာန် အဖွဲ့၊ Shwebo Federal Army ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ YAUNG NI အဖွဲ့ EYE FOR EYE၊ Bo Ba Taw၊ မြင်းဖြူရှင်အဖွဲ့ ၊ မဟာမိတ်ဖြစ်တဲ့(ဝက်လက်) M.SAI. NAW(Drone)ဖွဲ့ ၊ ရှင်းရှင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ၊ ဗိုလ်လင်းရောင် (ဒပယ) ၊ ဇာမဏီဒေါင်း (ဒပယ) လက်တွဲညီညီ၊ ရွှေဘိုမြို့နယ်ရပ်‌ကျေး ပကဖ ၊ ရွှေ ဘိုခရိုင်တပ်ရင်း(၄)၊ ရွှေဘိုမြို့နယ်ပလဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါ တယ်။

Leave a Comment