ပြည်နယ်လွတ်မြောက်ရေးအတွက် EROs များက တာဝန်ယူပြီး ပြည်မဒေသလွတ်မြောက်ရေး အ တွက် PDF များက တာဝန်ခွဲဝေထား

ပြည်နယ်လွတ်မြောက်ရေးအတွက် EROs များက တာဝန်ယူပြီး ပြည်မဒေသလွတ်မြောက်ရေး အ တွက် PDF များက တာဝန်ခွဲဝေထားဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆို

ပြည်နယ်များလွတ်မြောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် EROs များက တာဝန်ယူပြီး ပြည်မဒေသလွတ်မြောက်အရေးအတွက် NUG PDF တပ်ဖွဲ့တို့က တာဝန်ယူသွားမည် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကပြောကြားသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ဧရာဝတီသတင်းဌာန စနေသတင်းစကားဝိုင်းအစီအစဉ်၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖြေကြားချက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြန်လည်ထုတ်ပြန်ထားခြင်းဖြစ်သည်။

“လက်ရှိ တော်လှန်ရေးမှာ ပြည်နယ်တွေလွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာ ERO တွေက အဓိက တာဝန်ယူကြမယ်၊ ပြည်မဒေသတွေ လွတ်မြောက်ဖို့အတွက်တော့ NUG PDF များက အဓိက တာဝန် ယူကြမယ်ပေါ့။ အဲဒီတော့ PDF တွေ ပိုပြီးတော့ အားကောင်းလာအောင်၊ ပိုပြီးတော့ တိုက်စွမ်းရည် တက်လာအောင်လဲ ERO တွေက နယ်မြေဒေသ အလိုက် ဝိုင်းပြီးတော့ ကူညီကြတယ်။ ဒါသည် ပင်လျှင် လက်ရှိတော်လှန်ရေးကာလရဲ့ နားလည်မှု၊ အလုပ်တာဝန်ခွဲဝေမှုလို့ ကျနော်တို့ ပြောနိုင်ပါ တယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

တော်လှန်ရေးအောင်မြင်ပြီးပါက ပြည်ထောင်စုတစ်လုံး၏ လုံခြုံရေးကို NUG PDF တပ်ဖွဲ့ဝင်များနှင့် EROs တပ်ဖွဲ့များ လက်တွဲပူးပေါင်းကာ တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ စိုးရိမ်ချက်တစ်ခုဖြစ်သော အကြမ်းဖက်စစ်တပ် ပြို ကွဲသွားပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာဖြစ်သွားမည်နိုင်သည်ဟု ပြောဆိုချက်သည် စစ်ကောင်စီ တပ်၏ ခြောက်လုံးလှန့်လုံးများသာဖြစ်ပြီး ယခုနွေဦးတော်လှန်ရေးသည် မတူကွဲပြားမှုများကို စုစည်း နိုင်ခဲ့ပြီဖြစ်ကြောင်း ထောက်ပြထားသည်။

“ကျနော် နိုင်ငံက ERO တွေဆိုတာက တဖွဲ့နဲ့ တဖွဲ့လာရာချင်းမတူသည့်တိုင်အောင် လားရာချင်း တော့ အတူတူပဲ ဖြစ်ပါတယ်။ အားလုံးဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ ဦးတည်ကြတာပဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ရုံသာမကဘဲ ကျ နော် တို့ ပြည်ထောင်စုမှာ နှစ်ပေါင်း (၇၀) ကျော် ကြုံတွေ့နေရတဲ့ နိုင်ငံ‌ရေး ပြဿနာကို တပါတည်း ဖြေရှင်းဖို့လဲ ရည်ရွယ်တယ်လို့ ကျနော်တို့ ဒီလို ခံယူပါတယ်။ ဒီနိုင်ငံမှာ မတူကွဲပြားမှုတွေ အင်မတန် များပါတယ်။ လူမျိုးရေးအရ၊ ဘာသာရေးအရ မတူကွဲပြားမှုတွေ ရှိတယ်။ သို့သော် ဒီတော်လှန်ရေးက ဒီမတူကွဲပြားမှုတွေကို ညီညွတ်အောင် စေ့ဆော်ဖန်တီးပေးခဲ့ပြီလို့ ကျနော်တို့ ဒီလို ယုံကြည်ပါတယ်။
စစ်အာဏာရှင် အဆက်ဆက်ကတော့ ပြည်ထောင်စုမပြိုကွဲအောင် ထိန်းထားနိုင်ဖို့ နိုင်ငံရေးမှာ စစ် တပ်က ဝင်ပါနေရတာပါဆိုပြီး ခြောက်ခဲ့လှန့်ခဲ့တာပေါ့ဗျာ။ သို့သော် အခုလို တော်လှန်ရေး တရပ်နဲ့ နဖူးတွေ့၊ ဒူးတွေ့လဲတွေ့ရော သူတို့ရဲ့ ခြောက်လုံးလှန့်လုံး သူတို့ ကိုယ်တိုင်ရဲရဲ မသုံးဝံ့တော့ဘူး ဆို တာကိုလဲ ကျန်တော်တို့ သတိပြုမိနိုင်ပါလိမ့်မယ်။” ဟု NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *