မန္တလေးစစ်ဌာနချုပ်အနီး မြို့တွင်းနေရာအချို့ လက်နက်ကြီးကျည်ကျ

စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အခြေစိုက်ရာ အောင်မြေသာစံမြိုနယ် ထဲ ဒီမနက်အစောပိုင်းက နေရာ ၃ ခုထက်မနည်း လက်နက်ကြီးကျရောက်ခဲ့တယ်လို့မြိုခံတွေ ဆီကသိရပါတယ်။

လပခ ရှိရာ မန္တလေးနန်းတွင်းရဲ့ ကျုံးမြောက်ခြမ်း က နေရာတွေထဲ ဒီမနက် ၄ နာရီခန့်က လက်နက်ကြီးကျည်ကျတာလို့ မျက်မြင်တွေ့ခဲ့ရတဲ့မြို့ခံတွေပြောပါတယ်။

လက်နက်ကြီးကျတဲ့နေရာတွေဟာ ၈၆လမ်း ၊ ၈ လမ်းနဲ့ ၉ လမ်းကြားက နှစ်ထပ်တိုက်နေအိမ် ၊ လမ်း ၈၀ ၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြားက ကိုရီးယား အကြောပြင်ဆိုင်ရှိရာတိုက်နဲ့ အမှတ် (၄) ရဲစခန်းအနီးနေရာ တွေ ဖြစ်ပါတယ်။

ဒီလိုလက်နက်ကြီးကျတဲ့နေရာထဲက ၈၆လမ်း ၊ ၈ လမ်းနဲ့ ၉ လမ်းကြားက နှစ်ထပ်တိုက်မှာတော့ အဲဒီအိမ်မှာရှိတဲ့အမျိုးသား ၁ ဦီးထိခိုက်ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရပါတယ်။

“ အိမ်ရဲ့အနောက်ဘက်ခြမ်းကိုဝင်မှန်တာ “ လို့ လက်နက်ကြီးကျပြီးနောက် ပျက်စီးမှုအခြေအနေကို တွေ့ခဲ့ရတဲ့ မြို့ခံလူငယ်တစ်ဦးကပြောပါတယ်။

လပခစစ်ဌာနချုပ်ရှိရာ အောင်မြေသာစံမြို့နယ်ထဲ လက်နက်ကြီးကျည်တွေကျပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းကို လှည့်ကင်းပတ်ပြီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီမနက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် လပခ စစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းအနီးက လူနေရပ်ကွက်ထဲ လက်နက်ကြီးကျတဲ့ ဖြစ်ရပ် ဖြစ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ၂ ရက် မနက် ၄ နာရီခန့်ကလည်း ကျုံးတောင်ဘက်ခြမ်း ၊ စိတ္တရမဟီရပ်ကွက် စော်ဘွားဝန်းအတွင်းက လူနေထိုင်တာမရှိတဲ့နေအိမ်ပေါ် လက်နက်ကြီးကျခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *