လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ အုပ်ချုပ်ရေးမှုးအား PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ ပျူစောထီးခေါင်းဆောင်အဖြစ်လည်း ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှုး ဌေးနိုင်အား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့ ည (၁၁) နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအလိုကျ လောင်းကစားပွဲများ ပြုလုပ်ကာ ငွေရှာပေးခြင်း ၊ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်ခြင်း ၊ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးစေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

အုပ်ချုပ်ရေးမှုး ဌေးနိုင်သည် ၂၀၂၂ ခုနှစ်ကတည်းက ပြည်သူလူထု၏ တိုင်ကြားချက်ကြောင့် ကြေညာထုတ်ခြင်း ခံထားရသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *