ရန်ကုန်ရှိ မြို့နယ် ၄ ခုတွင် ကလောင်နီ လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့နယ် ၄ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလောင်နီလှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့ရှိ မြို့နယ် ၄ခုတွင် AJAYနှင့် လူငယ် သပိတ်ကော်မတီတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများရေးသားသည့် ကလောင်နီလှုပ်ရှားမှု ယနေ့ (စက်တင်ဘာ ၄) ပြုလုပ်ခဲ့သည်။

တော်လှန်လူငယ်များက “တပ်ကိုဖျက်တာ မင်းအောင်လှိုင်” ၊ “မင်းအောင်လှိုင်သေမှအေးမှာ” ဆိုသော စာသားများ အပါအ၀င် စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားများကို တာမွေမြို့နယ်၊မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းနှင့် မရမ်းကုန်းမြို့နယ်တို့ရှိ မလွှကုန်းဘူတာ၊ ငမိုးရိပ်ဘူတာနှင့် ဝေဇယန္တာလမ်းမကြီးတို့တွင် ရေးသားလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကလောင်နီသည် လူထု၏အသံ ၊ လူထု၏ ကလောင်ဖြစ်သည့်အတွက် ပြည်သူတိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ကလောင်နီလှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်ကြရန်လည်း သပိတ်လူငယ်များက တိုက်တွန်းလှုံ့ဆော်သည်။

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု AJAY


Comments

Leave a Reply

Your email address will not be published. Required fields are marked *