ယောဒေသ ရေမျက်နီစခန်းမှ စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ရင်း ၅ရင်းစုပေါင်းတိုက်ခိုက် YRA ပြော

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီစခန်းမှပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း ၅ရင်းစုပေါင်း တိုက်ခိုက်ခဲ့ကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်း တာဝန်ရှိသူ သခင်ဇော်က ပြောသည်။

PDFများ တိုက်ခိုက်မှုကြောင့် ရေမျက်နီစခန်းသို့ စစ်ကူသွားပြန်လာသည့်တပ်ကို စက်တင်ဘာ ၂ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် PDFတပ်ရင်း ၅ရင်းဖြစ်သော ၁၃၊ ၁၅၊ ၁၆၊ ၁၇နှင့် တပ်ရင်း ၁၈တို့စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သခင်ဇော်က ပြောသည်။

” ၅ရင်းစုဖွဲ့ထားတဲ့ ရဲဘော်တွေကတိုက်တာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေကကျနော်တို့ ထိတွေ့မှု ဖြစ်တဲ့နေရာနဲ့ထီးလင်းမြို့ သူတို့ အထိုင်နေရာနဲ့က ၃မိုင်လောက်ပဲ ဝေးတာပေါ့။ အခု သူတို့ ထီးလင်းမြို့ကို ရောက်သွားပြီ။ သူတို့ဘက်ကထိခိုက် ကျဆုံးရှိတယ်လို့သိရတယ်”ဟု ၎င်းက ပြောသည်။

တပ်တွင်းသတင်းရင်းမြစ်၏ ပြောပြချက်အရ စစ်ကောင်စီ ၂ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“ရေမျက်နီစခန်းအခြေအနေက အရင်ထိုင်ထားတဲ့ စခတွေက လူစားချိန်းပြီး ထီးလင်းဘက်ကလား ဒါမှမဟုတ် ကျောဘက်ကလား တော့မသိဘူး လူစားချိန်းပြီး အသစ်တွေ ပြန်ထိုင်ထားတယ်လို့ သိရပါတယ်။”ဟုလည်း သခင်ဇော်က ပြောသည်။

(ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ရဲဘော်များ။ ဓာတ်ပုံ – YRA)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top