ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက် ၈၀ ကျော်သိမ်းဆည်းရရှိထား

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက် ၈၀ ကျော်သိမ်းဆည်းရရှိထားပြီး မြို့ကို သိမ်းပိုက်နိုင်ရေး စစ်တပ်စခန်း ၁ ခုကျန်ရှိနေသေး၍ ဆက်လက်တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက် ၈၀ ကျော်ဖမ်းဆီးရရှိထားပြီး မြို့ကို သိမ်းပိုက်နိုင်ရေး စခန်း ၁ ခုကျန်ရှိနေသေးသဖြင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ပင်လည်ဘူးမြို့ကို စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက်ခဲယမ်း ၈၀ ကျော်သိမ်းဆည်းရရှိကြောင်း၊ လတ်တလော မြို့ကို သိမ်းပိုက်ရရှိရန် စခန်း တစ်ခု ကျန်ရှိနေသေးပြီး ကာကင်းစခန်းအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

“ပင်လယ်ဘူး စကစ တပ်စခန်းတစ်ခုကျန်သေးတယ်။ အကုန်မရသေးဘူး။ စခန်းတစ်ခုကျန်သေးတယ်။ ဆက်လက်တိုက်ခိုက်နေဆဲပါ….

ကာကင်းစခန်းတွေတော့ အကုန်ရပြီ။ စစ်သုံ့ပန်းနဲ့ လက်နက်တွေ အများကြီးရထားပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပင်လည်ဘူးမြို့ မကျစေရေးအတွက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် မြေပြင်တွင် စစ်တပ် စစ်ကူများ လာရောက်ခြင်းမရှိစေရန်အတွက် KIA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့ထားကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top