ပဲခူးတိုင်းမှ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့များကို စစ်ကောင်စီက တားဆီးခြင်း၊ ကူညီရေးပစ္စည်းများသိမ်းယူခြင်း၊ ဖမ်းဆီးခြင်းများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ

ပဲခူးတိုင်းမှ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့များကို စစ်ကောင်စီက တားဆီးခြင်း၊ ကူညီရေးပစ္စည်းများသိမ်းယူခြင်း၊ ဖမ်းဆီးခြင်းများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရန် လာရောက်သော အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီတပ်များက တားဆီးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ သိမ်းယူခြင်းနှင့် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း ကျောက် ကြီးမြို့နယ်၊ မူး (မုန်း) မြို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက စက်တင်ဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ယခုလက်ရှိအချိန်အထိ စစ်တောင်းမြစ် ရေကြီးရေလျှံ မှုကြောင့် မူး(မုန်း)မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာစုစုပေါင်း ၁၀၃ ရွာ၊ အိမ်ခြေစုစုပေါင်း ၁၄၂၆၁ လုံးနှင့် လူဦးရေစုစုပေါင်း ၄၈,၄၅၃ ဦးကို ကျေးရွာအရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရရှိနိုင်သည့် အရင်း အမြစ်များမှတစ်ဆင့် အစွမ်း ကုန်ကြိုးပမ်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ဘေးဒုက္ခပေါင်းစုံနှင့် ကြုံတွေ့လျက်ရှိနေသော ပြည်သူများဆီသို့ လာရောက် အကူ အညီ ပေးသော လူမှု ပရဟိတ အဖွဲ့အစည်းများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက တား ဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများသိမ်းယူခြင်း၊ လက်နက်ကြီး ဖြင့် လိုက်လံပစ်ခတ်ခြင်း စသော အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိပြီး ထို့သို့ ကျူးလွန်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါ ကြောင်း မူး(မုန်း)မြို့နယ် ကရင်အရေးပေါ် ကူညီ ကယ်ဆယ် ရေးကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ဒေသခံပြည်သူလူထုများ အနေ ဖြင့် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ များစွာသော ကူညီထောက်ပံ့မှုများကို အရေးတကြီးလိုအပ်နေ သည့် အချိန်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာ လူမှုအကျိုးပြုအဖွဲ့အစည်းများအနေဖြင့် အကူ အညီများ ကူညီ ပံ့ပိုးပေးကြရန် မူး(မုန်း) မြို့နယ် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကတောင်းဆိုထားသည်။

မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီသည် အာဏာရှင်စနစ်ကို ကျင့်သုံး သော မည်သည့်အဖွဲ့အစည်းကိုမဆို လက်ခံမည်မဟုတ်ဘဲ ပြည်သူနှင့်အတူယှဉ်တွဲ၍ အမှန် တရား ဘက်၌သာ အစဉ်အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီသည် ဒေသအတွင်းရှိ ပြည်သူလူထု များ၏ လူမှုဘဝလုံခြုံမှုကို တတ်နိုင်သည့်ဘက်က အစွမ်းကုန် ကူညီဖြေရှင်းပေးနေသည့် အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အားလျော်စွာ ပြည်သူလူထုများအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှု အမျိုးမျိုးအား သိရှိမှတ်တမ်းတင်၍ လူ့အခွင့်အရေးအတွက် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများ သိရှိပါဝင်လာနိုင်စေရန် ပြည်သူနှင့်အတူ ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရေတာရှည်မြို့နယ်သို့ ရေဘေးကယ်ဆယ်ရေးသွားရောက်ခဲ့သည့် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက စစ်တပ်က ရေဘေးသင့်ဒေသများသို့ သွားရောက်မည်ဆိုပါက နယ်မြေ လုံခြုံရေး စိတ်မချရသဖြင့် အလှူပစ္စည်းများထားခဲ့ရန်၊ ၎င်းတို့၏ တပ်အစီအစဉ်ဖြင့် ပြန်လည် လှူဒါန်ပေးမည်ဟုဆိုကာ ကယ်ဆယ်ရေးပစ္စည်းများကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် သိမ်းဆည်းခဲ့ကြောင်းထုတ်ဖော်ပြောဆိုသည်။

“ရေတာရှည်ဘက်မှာ အမည်းရောင်နယ်မြေ ရှိတယ်ပေါ့။ အဲဒီနေရာတွေ သွားလှူရင် ဥပဒေနဲ့ ငြိစွန်းမယ်။ အဲဒါကြောင့် အလှူပစ္စည်းတွေ ထားခဲ့ပါ။ သူတို့ တပ်က စိတ်ချရတဲ့သူတွေဆီကတစ်ဆင့် ရေဘေးသင့် ပြည်သူတွေဆီ ပြန်လှူပေးမယ်ဆိုပြီး ပစ္စည်းတွေ သိမ်းတယ်။ ရှေ့ဆက်လည်း သွားခွင့်မပေးလို့ ပစ္စည်းတွေ ထားခဲ့ပြီး လှည့်ပြန်ခဲ့ရတယ်” ဟု ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ပဲခူးတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *