ဦးဇင်း ၄ ပါးက အသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး

ဦးဇင်း ၄ ပါးက အသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး အခန်းတံခါးပိတ် အလှည့်ကျရိုက်နှက်သေဆုံးလို့ လူမသိ သူမသိမီးသဂြိုဟ်

ဧရာဝတီတိုင်းအမာမြို့နယ်ဒေါ်ညိမ်းကျေးရွာမှာအသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးတယ်လို့စွပ်စွဲပြီး ဦးဇင်း၄ပါးအခန်းတံခါးပိတ်ပြီးအလှည့်ကျရိုက်နှက်ခဲ့ပြီးဆေးမကုပေးဘဲ အခန်းတွင်းပိတ်ထားလို့ သေဆုံးသွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာ၊ သရက်တောဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းမှာ နေထိုင်တဲ့အသက်(၁၃)နှစ်အရွယ် ကိုရင်လေးကို ဖုန်းခိုးယူတယ်လို့ စွပ်စွဲပြီးစက်တင်ဘာ ၁၅ရက်နေ့က လက်ထောက်ကျောင်းတာဝန်ခံ ဦးဥက္ကဌ အပါဝင် သံဃာ(၄)ပါးက အခန်းတွင်းပိတ်အလှည့်ကျ ရိုက်နှက်စစ်‌ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖုန်းခိုးတယ်လို့ ဝန်မခံမချင်း ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာတွေကို(၄)ရက်တိတိ ဆေးကုသမှု့မပေးပဲ အခန်းထဲတွင်သာထားရှိခဲ့ပြီး ကိုရင်လေးက ခန္ဓာကိုယ်ပေါ်ရရှိဒဏ်ရာတွေနဲ့ စက်တင်ဘာ(၁၈)ရက်နေ့မှာတော့ ပျံလွန်တော်မူခဲ့ကာ အလောင်းကိုဆေးရုံမပို့ပဲ ဘုန်းကြီးကျောင်း ဒုလက်ထောက်မှ သူသဘောဆန္ဒနဲ့ မီးသဂြိုဟ်လိုက်ကြတယ်လို့ ဧရာဝတီတိုင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ်က ပြောပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top