29 ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း

🛑29ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း -“Sapphire Room ”
ဘယ်မှာရှိလဲ လို့ အဖွဲ့အစည်းတွေက
မေးလာတဲ့အတွက် လိပ်စာအတိအကျပြောပါမယ်..

ဦးချစ်မောင်လမ်း ၊ တာမွေကုန်းတံတားဘေး က
29ရတနာဆိုင်အမှတ် (၂) ၊ တိုက်15 ပထမအထပ် ၊
လှေကားတက်တက်ချင်း Sapphire Room ၊
HR နဲ့ ကပ်ရပ် မှာ ရှိတဲ့အခန်းပါ..

၀န်ထမ်းတွေ အမှားလုပ်မိတာနဲ့ အဲဒီအခန်းကိုပို့ပါတယ်..
ဘယ်ကိစ္စပဲစစ်စစ် အနည်းဆုံး (၂-၃ရက်) ပိတ်လှောင်ခံရတာ
လို့ ပြောပါတယ်..
ထောင်ထဲရောက်နေတဲ့ (အိမ်နေ) ၀န်ထမ်းတွေ
အဲဒီအခန်းမှာ သေချာပေါက် နေခဲ့ရသူတွေပါ..

Sapphire Room စစ်ကြောရေးခန်း
တကယ် ရှိတဲ့သက်သေ ပြပါမယ်..
(တချို့တွေလဲ သိပြီးသားဖြစ်မှာပါ)..

၂၀၂၃ခုနှစ် ၈လပိုင်းမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦးအပါ
လူငယ် လေးဦး ကို Sapphire Room ထဲမှာ
ငါးရက်ကြာ ပိတ်လှောင်ထားပြီး ရဲစခန်းပို့ခဲ့တဲ့ ဖြစ်စဥ်ပါ..

(အလိုမတူ ဖမ်းဆီးချုပ်နှောင်မှုက ပြစ်မှုမြောက်တယ်)
(အဓိကအချက်က အလိုမတူ ပိတ်လှောင်ထားမှု ၊
မှုခင်းနဲ့ မဆိုင်တဲ့ အိမ်ဂရမ်သိမ်းမှု .ဖြစ်ပါတယ်..)
အမှုတွဲနဲ့ဆက်စပ်တဲ့အချက်များ ထပ်မံထွက်ပေါ်လာဖို့ရှိပါတယ်..

လူမှုကွန်ရက်မှာ ရှိပေမဲ့ ပြည်သူတွေမသိလိုက်တဲ့
29ရတနာဆိုင်ရဲ့ မတရားမှုပါ.. ရှေ့မှာ
ကံစမ်းမဲတွေ ဖောက်ပြနေပြီး နောက်ကွယ်မှာ
မတရားမှုတွေ လုပ်နေတယ်..
(ကံစမ်းမဲလုပ်တိုင်း နောက်ကွယ်မှာ မတရားမှု
တစ်ခုဖြစ်နေပြီလို့ ယူဆရတော့မလိုပါပဲ .. )

ရခိုင်အမျိုးသားကွန်ရက်ကို ဖခင်ဖြစ်သူက လာရောက်
အကူအညီတောင်း တိုင်ကြားခဲ့ရတယ်လို့ သိရပါတယ်..

ရခိုင်အမျိုးသားကွန်ရက်ဖြစ်လို့ အချက်အလက်တွေက
ခိုင်မာတယ်လို့ ယုံကြည်ရတယ်..

ရခိုင် အမျိုးသမီးငယ်ကို ပုဒ်မ ၃၈၁ နဲ့ရွှေဆိုင်
HR မန်နေဂျာက အမှုဖွင့်တယ်.. မိသားစုဘက်က
(ဖမ်းဆီးချုပ်နှောင်ခံရမှု) အမှုပြနလည်ဖွင့်တာကို
ရဲစခန်းက လက်မခံ ၊ ပုဒ်မအရ ချုပ်နှောင်မှုဟာ
ရဲအရေးပိုင်ဖြစ်ပါလျက် အမှုမဆောင်ရွက်ပေးမှု ၊
မိသားစု နှင့်ပေးမတွေ့ပဲ ရမန်ရုံးထုတ်ချိန်သာ တွေ့ရမှု ၊
ဒီအချက်တွေ မြင်ရပါမယ်..

အဆိုး၀ါးတဲ့အချက်က မှုခင်းဖြစ်စဥ်နဲ့မဆိုင်ပဲ
အိမ်ကို ချိတ်ပိတ်လိုက်တဲ့ကိစ္စပါ.. (29ရတနာဆိုင်မှာ
ရာဇ၀တ်မှုမဟုတ်တဲ့ လုပ်ငန်းခွင်စည်းကမ်းဖောက်မှု
ရှိခဲ့ရင်တောင် မိဘတွေထံက မှတ်ပုံတင်သိမ်း ၊
အိမ်ဂရမ်သိမ်းတာတွေရှိတယ်..
ဘောနပ်လျော်ကြေးမပေးနိုင်လို့ အိမ်ဂရမ်သိမ်း ၊ ထောင်ချတဲ့
ဖြစ်စဥ် ရှိတယ်)

အောက်က ကိစ္စတွေကတော့ တလရအင်အားစုတချို့
မျက်စိဆံပင်မွှေးစူးစရာဖြစ်လာတယ်..
(စစ်ရေးပစ်မှတ်လို့ သတ်မှတ်ထားတဲ့ ဘောမ
နာမည်တွေကိုတောင် By Name တပ်လေ့မရှိဘူး)

*အမှုကိစ္စတွေကို HR Manager သီရီ ၊

* 29ရတနာဆိုင်ဘက်မှ
GP (General Power – တရားရင်ဆိုင်ရန်ကိုယ်စားလှယ်)
တင်ထားသူ မျိုးကိုကိုအောင် ၊

*အမှုကိစ္စများကို အကြံပေး
သူ ဆင့်ခေါ်စာများ ထုတ်သူ ရှေနေ ဦးနေနိုင် (29ရတနာဆိုင်ရဲ့
တစ်ဦးတည်သော ရှေ့နေ) ၊
* တာမွေရဲစခန်းမှုး
ဆန်း၀င်းအောင် ၊
*
မြို့နယ်တရားသူကြီး ဒေါ်ဇာခြည်လှိုင်
ဒီလူတွေက လက်၀ါးချင်း ရိုက်ထားတဲ့သူတွေ ဖြစ်တယ်..

တာမွေရဲစခန်းမှုး ဆန်း၀င်းအောင်နဲ့ မြို့နယ်တရားသူကြီး
ဒေါ်ဇာခြည်လှိုင်တို့ထံ မျိုးကိုကိုအောင်က
အမြဲအ၀င်အထွက်ရှိပြီး အမှုတွေကို
ပေါင်းစားပင်းစား လုပ်လေ့ရှိတယ်..

ရဲမှုးနဲ့ မြို့နယ်တရားသူကြီးက ပိုက်ဆံသာရမယ်ဆိုရင်
ဖြစ်ချင်တာဖြစ်ရမယ်အထိ လုပ်ပေးတဲ့သူတွေဖြစ်တယ်..

29ရတနာဆိုင်မှာ ဖြစ်ခဲ့တဲ့ အမှုတွေကို
တရားခွင်တရားသူကြီးတွေက သက်ညှာစွာ အမိန့်ချတဲ့
အကြိမ်တိုင်း မြို့နယ် တရားသူကြီး ဒေါ်ဇာခြည်လှိုင်က
ခေါ်ဆူဆဲလေ့ရှိတယ်..

ဒီဖြစ်စဥ် ကို ကြည့်ပြီး ကျွန်တော်တို့
တလရအင်အားစု တချို့တွေ ဒီအမှုတွေမှာ မျှတတဲ့
တရားစီရင်မှုကို မရနိုင်ဘူးလို့ မြင်နိုင်လောက်ပါတယ်..

အပေါ်က ဖော်ပြပါ ရခိုင်အမျိုးသမီးငယ်အပါ လူငယ်လေးဦး
အခြေအနေ.. အခုထိ လွတ်မြောက်နေတဲ့သတင်း ၊
နောက်ဆက်တွဲ မသိရသေးပါဘူး..
ဘောင်ထဲက ကူညီဆောင်ရွက်ပေးသူတွေက
မည်သို့မည်ပုံ ထပ် မတင်ထားသော်လဲ
အကြိမ်ကြိမ်ညှိနှိုင်း ကြိုးစားခဲ့ပေမဲ့
မတတ်နိုင်တဲ့ အရိပ်အယောင်မျိုး ရှိတယ်..

အောက်ဆုံးက စာကြောင်းမှာ ရခိုင်လူမျိုး
စိန်ပန်းတိမ်ဆရာ၁၁၀ ဦး အလုပ်လုပ်ကိုင်ဖို့ရာ
တင်ထားရတဲ့ ရွှေစပေါ်ငွေပမာဏတင်
29ရတနာဆိုင်က သိမ်းဆည်းထားတဲ့တန်ဖိုးကို
ခန့်မှန်းကြည့်နိုင်တယ်..

ရခိုင်လူမှူအဖွဲ့အစည်းတွေ ၊ အင်အားရှိသူတွေ
၀န်းရံသင့်ပါတယ်..

ပုံထဲက စာကို ပြန်ကူးတင်ထားတာပါ..
Min Khant Aung

………………………………………………………………………..

“#29ရတနာရွှေဆိုင်၌ #ပစ္စည်း_၃၄_မျိုးပျောက်သည်ဆိုကာ
#တာမွေရဲစခန်း၌ #ချုပ်နှောင်ဝန်ခံခြင်းခံနေရသူ #မစိုးစံသူဖခင်
#ကျွန်ုပ်တို့ထံလာရောက်တိုင်တန်း”
==========================================
မူလဇာတိ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာမှ
မစိုးစံသူ(၁၁/မပတ(နိုင်)၀၅၅၂၉၀)နှင့် မောင်သန်းတိုးလင်း၊
မထက်ထက်ခိုင်၊ မသဇင်သင်းသန့်တို့လေးဦးသည်
(၂၉၊၈၊၂၀၂၃)ရက်နေ့တွင် 29ရတနာရွှေဆိုင်
(ဦးချစ်မောင် အိမ်ရာ-တာမွေ)၌ ပစ္စည်း(၃၄)မျိုးကာလ
တန်ဖိုးသိန်း(၁၉၀၀)ကျော်ဖိုး ပျောက်သည်ဆိုကာ
မသင်္ကာ၍ အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခြင်းခံရပြီး
(၂၉၊၈၊၂၀၂၃)ရက်နေ့မှ (၃-၉-၂၀၂၃)ရက်နေ့အထိ
အဆိုပါရွှေဆိုင်တွင် ချုပ်ထားခြင်းခံခဲ့ရသည်-[မစိုးစံသူပါ
အဆိုပါလူငယ်လေးဦး၏ တစ်ဦးချင်းသီးသန့်ထွက်ဆိုတိုင်ချက်များ
ကျွန်ုပ်တို့ထံတွင် ရှိပါသည်]။

သို့ဖြစ်၍ အဆိုပါအမှုကိစ္စများနှင့် ပတ်သက်ပြီး
မစိုးစံသူ၏ဖခင်ဦးစိန်မြအောင်[၁၁/မပတ(နိုင်)၀၀၇၉၅၁]ကိုယ်တိုင် ကျွန်ုပ်တို့ရခိုင်အမျိုးသားကွန်ရက်သို့ ပံ့ပိုးကူညီဆောင်ရွက်ပေးပါရန် လာရောက်တိုင်ကြားခဲ့သည်။ ယခုအမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့သည်တည်ဆဲဥပဒေများနှင့်အညီ ရခိုင်အမျိုးသားတို့၏ “ဘဝလုံခြုံမှုနှင့်ဂုဏ်သိက္ခာ”အတွက် ပံ့ပိုးကူညီရန် တာဝန်ရှိသည့်အလျောက် အဖွဲ့အစည်းမှကော်မတီဝင်များ၊ ဥပဒေအကြံပေးဆရာ/မများနှင်အတူ ပြည်တွင်းမှအလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူများရှေ့မှောက်တွင် စုံစမ်းကြားနာခဲ့သည်။
ယခုအချိန်တွင် တာမွေရဲစခန်း၌ (၂၂-၉-၂၀၂၃ )ရက်နေ့တွင် ရဲချုပ်ရမန်ယူထားပြီး ရာဇသတ်ကြီးပုဒ်မ(၃၈၁)ဖြင့် 29ရွှေဆိုင်HRမန်နေဂျာမှ အမှုဖွင့် ဆိုထားပါသည်။ သို့ဖြစ်၍ (၂၅၊၉၊၂၀၂၃)ရက်နေ့ည မိသားစုဝင်များဘက်မှ(၅)ကြာ 29ရွှေဆိုင်အတွင်း၌ ဖမ်းဆီးချုပ်နှောင်ခံရမှုနှင့်ပတ်သက်ပြီး ရဲစခန်းတွင်ပြန်လည်အမှုဖွင့်ရန်ကြိုးပမ်းရာ လက်မခံခဲ့ဘဲ မနက်မှစာရွက်စာတမ်းအစုံအလင်ဖြင့် လာရောက်ရန် ပြောကြားခဲ့သည်ဟု သိရှိရသည်။ မစိုးစံသူ၏မိဘများအနေဖြင့် (၂၅၊၉၊၂၀၂၃)ရက်နေ့မနက် တာမွေရဲစခန်းသို့သွားရောက်ရာတွင်လည်း ရဲအရေးပိုင်မှုဖြစ်ပါလျက် အမှုစစ်မှအမှုဖွင့်မပေးဘဲ ချုပ်နှောင်ခံရသူသမီးမစိုးစံသူနှင့် အောက်တိုဘာလ(၅)ရက်နေ့တွင်မှ တာမွေမြို့နယ်တရားရုံး၌ ပထမအကြိမ်ရုံးထုတ်ရမန်ယူခဲ့စဉ်သာ တွေ့ဆုံခွင့်ရခဲ့သည်။
အဆိုပါ မိန်းကလေးငယ်သည် ဘွဲ့ရပညာတတ် မိသားစုအားလုပ်ကိုင်ကျွေးမွေးနေသော သူဖြစ်ပြီး ယခုအချိန်တွင် တာမွေရဲစခန်း၌ အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ ဝန်ခံနေရကာ အောက်တိုဘာလ(၁၉)ရက်နေ့တွင် တာမွေမြို့နယ်တရားရုံး၌ ထပ်မံရုံးထုတ်မည်ဟု သိရှိရပါသည်-[ကျွန်ုပ်တို့ဥပဒေအကြံပေးရှေ့နေဆရာ/မများအနေဖြင့် အခမဲ့ရှေ့နေလိုက်ပေးလျက်ရှိသည့်အပြင် ကျွန်တော့်အနေဖြင့်စဉ်ဆက်မပြတ်စောင့်ကြည့်ကာ အမှန်တရားအတွက် တည်ဆဲဥပဒေနဲ့အညီလုပ်သင့်သည်များကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်]…။📣
➖29ရတနာရွှေဆိုင်၌ ရခိုင်စိန်ပန်းထိမ်ဆရာစုစုပေါင်း(၁၁၀)ယောက်ခန့်ရှိပြီး ရွှေကျပ်ချိန်စပေါ် သိန်းတစ်သောင်းကျော်နှစ်သောင်းနီးပါးခန့် အပ်နှံကာအလုပ်လုပ် လျက်ရှိကြသည်ဟု ကျွန်ုပ်တို့အနေဖြင့် ထပ်မံသိရှိရပါသည်။ ✍️
ပြည်သူ့အကျိုးမျှော်ကိုးလျက်-
တင်ထူးအောင်

Shwe. .
.


Comments

Leave a Reply

Your email address will not be published. Required fields are marked *