ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် တပ်စွဲထားသော Lucky Man ဟိုတယ် မီးလောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဆိုင်းတောင်ရွာ၌ KIA ၊ KPDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော Lucky Man ဟိုတယ်လည်း မီးလောင်နေကြောင်း သိရသည်။
ဆိုင်းတောင်ရွာတွင် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်မှစ၍ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ပြီးနောက် တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဖားကန့်၊ ဆိုင်းတောင်မှာ တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ Lucky Man ဟိုတယ်လည်း မီးလောင်နေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။
Leave a Reply