မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ၂ ကြိမ်တိုက်ခိုက်ခံရ၊ စစ်အုပ်စုဝင် ၁၉ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၉ ဦးသေဆုံးသွားတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့မနက် ၈နာရီခန့်က မောင်မယ်ရှောင်ရွာကို ဒေသတော်လှန်ရေးတပ်တွေက ၂နာရီကြာ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဘက်က ၁၂ဦးသေ၊ အများအပြား ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

တဆက်ထဲမှာ စက်တင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးသေအများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ဒီမစ်ရှင်ကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္ကားသစ္ဆတ် (ကျားသစ်နက်) ၊ တပ်မဟာ ၆ တပ်ရင်း ၂၇၊ Eastern Defense Force (EDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးအရှိန်မြှင့်ဆောင်ရွက်နေတဲ့ကာလဖြစ်လို့ စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင်ကြဖို့နဲ့ စစ်အုပ်စုလက်အောက်ခံတွေအနေနဲ့ ပြည် သူ့ဘက်၊ အမှန် တရားဘက် ရပ်တည်ကာ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top