တနင်္သာရီတွင် ၁၉ ရက်ကြာ တိုက်ပွဲအတွင်း စစ်သား အများအပြား သေဆုံးပြီး စစ်တပ်၏ တန်ပြန်ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး နှင့် PDF ၁ ဦး သေဆုံး
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စက်တင်ဘာလ ၄ ရက်နေ့ မှ စက် တင်ဘာလ ၂၂ ရက်နေ့ အထိ ၁၉ ရက် ကြာတိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေ ဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိ သူတစ်ဦးကပြောကြားသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်က ၆ မိုင် ရွာ၊ ဘန်လောရွာဘက်သို့ အင် အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာစဉ် မြိတ် ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ် ကြောင်း ၁ နှင့်တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ တစ်ချိန်တည်း မှာပင် ဗောဓိကမ်းတံတား ဘက်မှ ဘန်လော ရွာဘက် စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ် ကောင်စီတပ် နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ တို့လည်း တိုက်ပွဲထပ် မံ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးစဉ် တနင်္သာရီမြို့ပေါ်မှ အရပ် သားပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ သည့်အပြင် အ ရပ် သားကားများကိုလည်း ချောဆွဲအသုံးပြုခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ကူများအ ပြင် ဒရုန်း များပါ အသုံးပြု ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များကလည်း လက်နက်ကြီး၊ လက်နက်ငယ် နှင့် ဒရုန်းများ အ သုံး ပြုပြီးပြန်လည် တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ ၊ KNLA တပ်ရင်း ၁၁ ၊ KTLA၊ တောကြီးမြွေဟောက် မိုင်းအဖွဲ့ (ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့) ၊ Dragon Squad ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့၊ ADF ဒရုန်းအဖွဲ့ စသည့် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့ များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ ၏လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးကျဲခြင်းတို့ကြောင့် ဘန်လောရွာ၊ ဘန်လင်ရွာ နှင့် ခြောက်မိုင်ရွာမှ လူနေအိမ်တချို့နှင့် အိမ်စီးကားတချို့ပါ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ၁၉ ရက်ဆက်တိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး ပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဘက်မှလည်း ရဲဘော် ၁ ဦးကျဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီထံမှ MA-2 သေနတ် ၁ လက်၊ MA-3 သေ နတ် ၁ လက်၊ 60-MM ဗုံးသီး ၁ လုံး၊ 40-MM ကျည်သီး ၆ လုံး၊ ၁၆ ကျည် ၄၀၀ ကျော်နှင့် ခဲယမ်းတချို့ကို သိမ်းယူရရှိခဲ့ ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲထိန်းကုန်းရွာတွင် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၇ လုံး ပျက်စီး ဆုံး ရှုံးခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းမှ စစ် သား တစ်ဦး တိုက်ပွဲ ဖြစ်ပွားနေစဉ် ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံတွင် အလင်းဝင်ခဲ့ ကြောင်း သိရှိရသည်။
လတ်တလော တနင်္သာရီ မြို့နယ်တွင် စစ်ရေးတင်းမာလျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် သွားလာနေထိုင်ကြပါရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က သတိပေးချက် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ။
Leave a Reply