တရုတ်စီးပွားရေး ပြဿနာသစ် ကြုံနေ

ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အား အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ စီးပွားရေး ပြဿနာသစ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြီး အိမ်ယာ ကဏ္ဍမှာ ကာလအတော်ကြာ ပြဿနာတွေ ကြုံနေရတာကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ သမ္မတ Xi Jinping နဲ့ တရုတ် ထိပ်တန်း ခေါင်းဆာင်တွေက ဒီကနေ့ ကတိပြု ပြောဆိုပါတယ်။

ဒီကနေ့ကျင်းပတဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ အာဏာအရှိဆုံး ပေါလစ်ဗျူရို အဖွဲ့အစည်းအဝေးကို သမ္မတ ရှီ တက်ရောက်ခဲ့သလို၊ လက်ရှိ ရင်ဆိုင်နေရတဲ့ စီးပွားရေး အခြေအနေတွေကို တရုတ် ခေါင်းဆောင်တွေ သုံးသပ် ဆွေးနွေးခဲ့ကြတာပါ။

လတ်တလော စီးပွားရေး ပြဿနာတချို့ ကြုံနေရတာကို ဝန်ခံပြီး ဒီပြဿနာ အခက်အခဲတွေကို ဘက်ပေါင်းစုံက လေ့လာ သုံးသပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်သွားမယ့်အကြောင်း သမ္မတ ရှီ ပြောဆိုတာက တရုတ်အစိုးရပိုင် Xinhua သတင်းက ဒီကနေ့ ဆွေးနွေးပွဲအပြီးမှာ ဖော်ပြပါတယ်။ စီးပွားရေး ပြဿနာတွေနဲ့ ပတ်သက်လို့ လူထုရဲ့ စိုးရိမ်ချက်တွေကို တုံ့ပြန် ကိုင်တွယ်သွားမယ်လို့လည်း တရုတ်ခေါင်းဆောင်တွေက ကတိပြု ပြောဆိုပါတယ်။

အိမ်ဝယ်ယူမှုနဲ့ဆိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ပြန်လည် ညှိနှိုင်းပြင်ဆင်တာ၊ လက်ရှိအိမ်ကြွေးယူထားသူတွေအတွက် အိမ်တိုးနှုန်း လျှော့ချပေးတာ အပြင် အိမ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေမယ့် အစီအစဥ်သစ်တွေကို အားပေး ကူညီတာတွေ အစိုးရက လုပ်ဆောင်ပေးသွားမယ်လို့ ပြောကြားထားပါတယ်။

ကျဆင်းနေတဲ့ တရုတ်စီးပွားရေး ပြန်လည် အားကောင်းလာအောင်နဲ့ အခုနှစ်ထဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅ % အထိ တက်လာအောင် အစိုးရက လိုအပ်သလောက် သုံးစွဲပြီး စီးပွားရေးကျ


Comments

Leave a Reply

Your email address will not be published. Required fields are marked *