လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံတွဲတွင် စစ်ရှောင် ၁၄ ဦး သေဆုံးဟု AA အတည်ပြု
ရခိုင်ပြည်နယ်၊ သံတွဲမြိုရှိ စစ်ဘေးရှောင်စခန်းကို ယနေ့(စက်တင်ဘာလ ၂၆ ရက်) တွင် စစ်ကောင်စီတပ် က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြု ပြောသည်။
ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့်သံတွဲမြို့နယ်ခန်းမ နှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်နှစ်စီးက ပြိုင်တူ ဗုံးနှစ်လုံးစီကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဦးခိုင်သုခက အတည်ပြုပြောဆိုသည်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော သံတွဲမြို့နယ်ခန်းမနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွင် စစ်ရှောင် ပြည်သူ ၂၀၀ ကျော်ခန့် ခိုလှုံနေပြီး သေဆုံးသူများတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်းသိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူ ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသနေပြီး သေဆုံးစာရင်း ထပ်တိုးလာနိုင်ခြေရှိကြောင်း ဦးခိုင်သုခက ပြောသည်။
“စာရင်းကတော့ ပြုစုတုန်းပဲ ရှိပါသေးတယ်၊ ဓာတ်ပုံထဲမှာတော့ ကလေးငယ်တွေပါတယ်၊ သက်ကြီးရွယ်အိုတွေ ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ထို့ပြင် ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်)တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရတာရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (စက်တင်ဘာလ ၂၄ ရက်)တွင်လည်း တောင်ကုတ်၊ မအီရွာမကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရူပဗေဒ တတိယနှစ်ကျောင်းသားတဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း AA က ပြောသည်။
စစ်ကောင်စီသည် အရပ်သား ပြည်သူများနေထိုင်သော ယာယီစစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦးများ၊ ဆေးရုံများကဲ့သို့ အရပ်သား ပြည်သူ များနှင့်ဆက်စပ်နိုင်သော နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ပြီး ဂျနီဗာကွန်ဗင်းရှင်းကိုလည်း ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။
နိုင်ငံကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့နယ်တခုလုံးကို AA က လအတန်ကြာ ထိုးစစ်ဆင်ပြီးနောက် စက်တင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟု စက်တင်ဘာလ ၆ ရက် တွင် အာရက္ခတပ်တော် (AA) က တရားဝင် ကြေညာခဲ့သည်။
“အရပ်သား ပြည်သူတွေ ခိုလှုံနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တယ်ဆိုတာကတော့ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ” – ခိုင်သုခ
အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် သံတွဲမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၆ရက်မနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
စက်တင်ဘာ ၂၆ရက် မနက် ၇နာရီ ၄၀မိနစ်တွင် စစ်ကောင်စီက သံတွဲမြို့ကို တိုက်လေယာဉ် ၂စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သံတွဲမြို့ မြို့နယ်ခန်းမနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရုံးများကို တိုက်ခိုက်ခဲ့ရာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံး တိုက်ခိုက်ခံရမှုအတွင်း စစ်ရှောင်များ သေဆုံးခဲ့ရသည်ဟု ဦးခိုင်သုခက ပြောသည်။
‘ အဲဒီ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်အရပ်သား ပြည်သူ ၁၄ဦး သေဆုံး ပြီးတော့ ၂၅ဦးထက်မနည်း ဒဏ်ရာရတာရှိပါတယ်။ သေဆုံးသွားတဲ့ သူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအများစု ပါဝင်တယ်လို့ သိရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။
ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“အခုလို အရပ်သား ပြည်သူတွေ ခိုလှုံနေတဲ့ နေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တယ်ဆိုတာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်တာ ဖြစ်သလို ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောကြားသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ ဒုတိယပတ်အတွင်းကလည်း ပေါက်တော နှင့် မောင်တောမြို့နယ်ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့ရာ AA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အကျဉ်းသားများအပါအဝင် အကျဉ်းသားများနှင့် ပြည်သူ ၇၀ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်နယ်တွင်သာမက ၎င်းတို့ စစ်ရေးရှုံးနိမ့်ပြီး လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေဒေသများကို လေကြောင်း တိုက်ခိုက်မှုများ ယခု စက်တင်ဘာလဆန်းမှစ၍ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ သေဆုံးထိခိုက်သူ ရာချီရှိခဲ့ပြီး အများစုမှာ အရပ်သား ပြည်သူများ ဖြစ်သည်။
(သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဥ် ။ဓာတ်ပုံ – AA)
Leave a Reply