ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ကြရန် စစ်​ကောင်စီထုတ်ပြန်ချက်အ​ပေါ် ​တော်လှန်​ရေးအဖွဲ့များ၏တုံ့ပြန်ချက်

လက်နက်ကိုင်လမ်းစဥ်စွန့် ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ကြရန် စစ်​ကောင်စီထုတ်ပြန်ချက်အ​ပေါ် ​တော်လှန်​ရေးအဖွဲ့များ၏တုံ့ပြန်ချက်

နိုင်ငံတဝန်းဗုံးပတ်ကြဲ​နေ​သော စစ်​ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ PDF များနှင့် ​တော်လှန်​ရေးအဖွဲ့များကို လက်နက်နှင့်အကြမ်းဖက်လမ်းစဥ်ကိုစွန့်ပြီး ပါတီ​ထောင် ​ရွေး​ကောက်ပွဲဝင်၍ နိုင်ငံ​ရေးပြသာနာကိုနိုင်ငံ​ရေးနည်းလမ်းဖြင့်​အ​ဖြေရှာရန် ဆက်သွယ်​ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းပါသည်ဟုဆိုကာစက်တင်ဘာ ၂၆ ရက်ညတွင်ထုတ်ပြန်သည်။

သို့​သော်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပင် စစ်​ကောင်စီက MNDAA သိမ်းပိုက်ထိန်းချုပ်ထား​သောဘားရှိုးမြို့ကို ဗုံးထပ်ကြဲခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဟု မကြာခဏဖိတ်​ခေါ်ခဲ့ဖူးသည်။ယခုထုတ်ပြန်ချက်အ​ပေါ် ​ KIA ၊KNU ၊ CNF ၊ PDF စသည့် တော်လှန်​ရေးအဖွဲ့များ၏ တုံ့ပြန်ချက်များကို စုစည်း​ဖော်ပြ​ပေးလိုက်ပါသည်။

▪︎ပဒိုစောတောနီး(KNU ပြောရေးဆိုခွင့်ရှိသူ)

ဒီနေ့ ဒီအချိန်အခါမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လုံး၀ မအပ်စပ်တော့ဘဲ ထပ်ခါတလဲလဲ အဲဒီလို ဓာတ်ပြားဟောင်းတွေပြန်ပြန်ဖွင့်နေတာ ဆိုတာ ဘာမှအလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ကျနော်တို့လည်းနားညည်းတယ်ဗျာ။ကျနော်တို့မှာ ဘုံ နိုင်ငံရေးရည်မှန်းချက်၊ ဘုံ နိုင်ငံရေး ရပ်တည်ချက်တွေအကုန်ရှိတယ်။ ဒါက ဘာလဲဆိုတော့တစ်အချက် စစ်တပ်ဟာ နိုင်ငံရေးက ထွက်ပြီးတော့ အရပ်သားအုပ်ချုပ်မှုမှာ ခံယူ၊ ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း အဲဒီအတိုင်း ဆက်သွားရမယ် လက်ခံရမယ်။ နံပါတ်နှစ်အချက် ဖက်ဒရယ်ပြည်ထောင်စု တစ်ခု တည်ဆောက်ဖို့ အတွက် ဆိုရင် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကို လက်ခံရမယ်။ တတိယ အချက်ကတော့ နေ့စဉ်နဲ့အမျှ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့တဲ့ အမှုကြီးအမှုငယ် ရာဇဝတ်မှု ပေါင်းစုံ စစ်ရာဇဝတ်မှု အပါအဝင် အားလုံးကို တာဝန်ခံရမယ်ဗျ။ ဒီဟာတွေကို လက်ခံမယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးပွဲတွေဆိုတာ ဖြစ်ကိုဖြစ်လာမှာပါ။ အဲဒီလို မဟုတ်ဘဲ ဒီလိုပဲ ဆက်လုပ်မယ်ဆိုရင် ကျနော်တို့က ဘက်ပေါင်းစုံကနေပြီးတော့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော၊ သံတမန်ရေးတိုက်ပွဲတွေရော စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ပြည်သူလူထု လှုပ်ရှားမှုပါမကျန် ပြည်တွင်းပြည်ပ နိုင်ငံတကာနဲ့ လက်တွဲပြီးတော့ ဒီစစ်ကောင်စီ စစ်အုပ်စု စစ်အာဏာရှင်စနစ်ကိုဆက်ပြီးတော့ ဖိအားပေးသွားမှာပဲ။ ဒါကျနော်တို့ရဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ်။

▪︎ဆလိုင်းထက်နီ(CNF ပြောရေးဆိုခွင့်ရှိသူ)

နစက ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲကရွေးကောက်ပွဲ အကောင်အထည်ဖော်နိုင်ဖို့ ပေါ့ ဒါက နိုင်ငံ​ရေးမှာစစ်အာဏာရှင် ဆက်လက် စွက်ဖက်နိုင်ရေး စစ်အာဖဏာရှင်သက်ဆိုးရှည်ရေး အတွက် ပါ။

စကစရဲ့ လုပ်ရိုးလုပ်စဉ်၊ ကစားကွက်တွေက ငါတို့အတွက် ရိုးနေပါပြီ။စကစ ဟာ နိုင်ငံတကာ နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြောဆိုဝေဖန်မှုကနေ နိုင်ငံရေးထွက်ပေါက်ရှာနေတယ်လို့လည်း ပြောလို့ရပါတယ်။

▪︎ဒုဗိုလ်ချုပ်ကြီးဂွန်မော်(KIC ဒုတိယ ဥက္ကဋ္ဌ)

ဘာကြောင့် အာဏာလွှဲပြောင်းယူလိုက်ရတာလဲဆိုတာကို ထုချေလွှာတင်ပြ နဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ပြန်ချက်ဖြစ်နေ။ ခေါ်ပုံခေါ်နည်း နဲနဲများ လိုနေသလားလို့ပါ”

▪︎ကိုဆောင်းခ (BPLA-ကွပ်ကဲရေးမှူး)

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်းမရှိပါဘူး၊ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်လို့မရနိုင်ပါဘူး။ ဒီဖိတ်ခေါ်ချက်ကိုလည်း ကျနော်တို့ စိတ်မဝင်စားဘူး။ သူတို့ရဲ့တခုတည်းသော ထွက်ပေါက်ကို တရုတ်ဘက်က ပိုထောက်ခံအောင်လုပ်တဲ့ ဟန်ပြလုပ်ကွက်တစ်ခုသာဖြစ်ပါလိမ့်မယ်”

▪︎ကိုအောင်စံရှား (SOF တပ်ဖွဲ့မှူး)

မအလ ကထွက်ပေါက်မရှိတော့ဘူး၊ သူ့ရဲ့တခုတည်းသော ထွက်ပေါက်က ရွေးကောက်ပွဲလုပ်ပြီး တရားဝင်အစိုးရလုပ်ချင်နေတာ။တရုတ်ကလည်း အဲအတိုင်းဖိအားပေးနေတယ်ထင်တယ်။တဖက်မှာလည်း EAO တွေနဲ့ PDF တွေရန်ကလည်းရှိနေတော့ စစ်ရေးအရလည်း ပြေးလမ်းမရှိတော့ဘူး။ တိုက်ရင်တိုက်သလောက် တမျိုးလုံးအသေခံရတော့မှာ၊ နိုင်ငံရေး အသက်ရှုလည်းကြပ်၊ စစ်ရေးလည်း ရှုံးနိမ့်ဆိုတော့ နောက်ဆုံး အရှက်မရှိ နိုင်ငံရေးနည်းလမ်းနဲ့ ပြန်ပြီး ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြပါဆိုပြီး ဖိတ်ခေါ်တော့တာပါ။

သူ့ရဲ့ ဖိတ်ခေါ်မှုက ရယ်စရာတခုလောက်ပါပဲ၊ ဘာသက်ရောက်မှုမှမရှိသလို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ခုတိုက်နေတဲ့ EAO တွေကလည်း ဆက်တိုက်နေမှာပဲ၊ PDF တွေကလည်း NUG/MOD ရဲ့မူအတိုင်းပဲ မအလပြုတ်တဲ့အထိ၊ စကစ အမြစ်ပြတ်တဲ့အထိတိုက်ဖို့ပါပဲ။တကယ်လို့ ဆွေးနွေးညှိနှိုင်းရေးလမ်းစဥ်သွားမယ်ဆိုရင်တောင် မအလက အလုံးစုံလိုက်လျောမှဖြစ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေအားလုံးကို အကြွင်းမဲ့လွှတ်ပေးရမယ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝလက်ခံရမယ်၊ ရှိပြီးသား ယ္ခင်အစိုးရလက်ထဲကို အာဏာပြန်အပ်ရမယ်၊ ပြီးရင် ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် တာဝန်ခံရမယ်။ အဲလိုမှ မဟုတ်ရင် မအလထွက်​ပြေးဖို့ပဲရှိတော့တယ်၊ အဲတာနောက်ဆုံးလွတ်လမ်းပဲ၊ ဒါတောင်လွတ်ဖို့မသေချာဘူးပေါ့။

▪︎ဂျော်ဒန် (ULF စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ)

” ကြေညာချက်က အလိမ်အညာပါ။ ရွေးကောက်ပွဲလုပ်ဖို့ ခေါ်တယ်မရဘူးလို့ ပြည်သူကိုပြပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို ရန်တိုက်တာ။ သူတို့ထွက်ပေါက်ရှာတာ”

▪︎ကို​အော်စမွန် (MDY-PDF ​ပြော​ရေးဆိုခွင့်ရှိသူ)

“စစ်​ကောင်စီဘက်က အခု ဖိတ်​ခေါ်လာတဲ့ ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲက ကျွန်​တော်တို့​လျှောက်​နေတဲ့လမ်းကို တစုံတရာ အ​ပြောင်းအလဲ ဖြစ်​စေမှာ မဟုတ်ပါဘူးဗျ ။ ကျွန်​တော်တို့ MDY-PDF အ​နေနဲ့က​တော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်​တွေကို တစိုက်မတ်မတ် ဆက်လုပ်သွားဖို့ ရှိပါတယ်ဗျ”။

PDF တွေကိုဆွေးနွေးမယ်ဆိုတဲ့အဘဆိုတဲ့ကောင်မင်းတို့ရှိနေသေးရင်နောက်ကမ္ဘာထိငါတို့ကတိုက်နေအုံးမှာရှင်းလား

ရေးဘီလူး ✍️


Comments

Leave a Reply

Your email address will not be published. Required fields are marked *