စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေက သပြေညိုနဲ့ ကြိုဆို

စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေက သပြေညိုနဲ့ ကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၃၀ရက်နေ့က ကူတော်ရဲစခန်းမှပြန်ထွက်လာပြီး ဘုတလင်မြို့ကိုပြန်မယ့် စစ်ကောင်စီစစ်ကြောင်းကို စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနဲ့အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊ BMT(ဘုတလင်မိုဘိုင်းလ်တီးမ်)၊ FRF ၊ မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆)၊ ‌‌PLA (ပြည်သူ့လွတ်မြောက်ရေးတပ်)၊ BLDF၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ရေဦး၊ဒီပဲယင်း ပကဖ‌‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့၊ 96 Soldiers – PDF (အညာဒေသ)တပ်ဖွဲ့နဲ့ အခြားမဟာမိတ်အဖွဲ့များမှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

ဓာတ်ပုံ – 96 Soldiers – PDF (အညာဒေသ)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top