စေတုတ္တရာမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန်ကူညီသည့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အသတ်ခံရ

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကူညီနေသည့် မြို့နယ်အဆင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရကြောင်း စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံမှ သတင်းရရှိသည်။

စေတုတ္တရာမြို့နယ်၊ နန်ကြူကျေးရွာအုပ်စု၊ နန်ကြူကျေးရွာမှ ပြည်သူ့စစ်အမည်ခံ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖြစ်လည်းဖြစ်သည့် မုန်တိုင်းသည် စစ်ကောင်စီကောက်ယူနေသည့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ကူညီသဖြင့် ပကဖက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးထားစဉ် ၎င်းက သေနတ်လုသဖြင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု စေတုတ္တရာပကဖက ဆိုသည်။

မုန်တိုင်းကို အောက်တိုဘာ ၁ရက် ည ၉နာရီကျော်တွင် ပကဖက ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီနှင့်ပတ်သတ်သည့် အချက်အလက်မှတ်တမ်းများ သိမ်းဆည်းခဲ့သည်။ ထိုသို့ ဖမ်းဆီးစဉ် နန်ကြုရွာမှ ပျုစောထီးများက သေနတ်များပစ်ဖောက်၍ ကယ်ထုတ်ရန်ကြိုးစားခဲ့ကြသည်ဟု စေတုတ္တရာပကဖက ပြောသည်။

ထိုသို့ ကယ်ထုတ်ရန်ကြိုးပမ်းစဉ် မုန်တိုင်းက ပကဖရဲဘော်၏ သေနတ်လုသဖြင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု စေတုတ္တရာပကဖက ထုတ်ပြန်ထားသည်။

မုန်တိုင်းသည် စေတုတ္တရာမြို့နယ်အဆင့် ပြည်သူ့စစ်တစ်ဦးဖြစ်ပြီး နန်ကြူကျေးရွာအုပ်စုတွင်ပါဝင်သည့် တိုက်နယ်အားလုံးကို သန်းခေါင်စာရင်းကောက်ယူရန် အောက်တိုဘာ ၂ ရက်တွင် အစည်းအဝေးခေါ်ထားသည်။

“မကွေးတိုင်းထဲမှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတာကို ပါဝင်တဲ့ ဘယ်သူမဆို ကျွန်တော်တို့ အရေးယူလို့ရတဲ့ နေရာမှ မဆိုင်းမတွအရေးယူသွားမှာပါ။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူခွင့်မရှိသလို။ ရလာတဲ့ အချက်အလက်တွေကိုလည်း သူတို့ကိုယ်ကျိုးအတွက် အသုံးချမှာမို့လို အခုလို ပြင်းပြင်းထန်တန်တားမြစ်တာပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။

စေတုတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပူးပေါင်းပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီပံ့ပိုးခြင်းမလုပ်ဆောင်ရန်နှင့် ပြုလုပ်ပါက ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူသွားမည်ဟု စေတုတ္တရာပကဖက သတိပေးထားသည်။

ထို့အပြင် စစ်ကောင်စီကောက်ယူနေသည့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဝန်ထမ်းများကိုလည်း ပြင်းပြင်းထန်ထန်အရေးယူမည်ဟုလည်း ကြားကာလ စေတုတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အောက်တိုဘာ ၁ရက်က သတိပေးထုတ်ပြန်ထားသည်။

(မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က သန်းခေါင်စာရင်းကောက်ယူနေစဥ်။ ဓာတ်ပုံ – စကစ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *