တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ခန့်တွင် တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ကားပေါ်တက်နေစဉ် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှုရှိပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီ ပကဖ ဇုန် ၃ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *