သန်းခေါင်စာရင်း ကောက်ယူရန် ကူညီပေးနေသော နန်ကြူရွာ အုပ်ချုပ်ရေးမှူး မုန်တိုင်း ပစ်ခတ်ခံရပြီး သေဆုံး

စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူရန် ကူညီပေးနေသော နန်ကြူရွာ အုပ်ချုပ်ရေးမှူး မုန်တိုင်း ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူရန် ကူညီပေးနေသော နန်ကြူရွာ အုပ်ချုပ်ရေးမှူး မုန်တိုင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စေတုတ္တရာမြို့နယ်၊ နန်ကြူရွာ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး မုန်တိုင်းကို စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက် ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်နှင့် စကစ ပတ်သက်သည့် အချက်အလက် မှတ်တမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက် ဖမ်းဆီးစဥ် နန်ကြူရွာနှင့် ၃ ကီလိုမီတာခန့်ရှိ နန်ကြူရွာ ပျူစောထီးအဖွဲ့မှ သေနတ်များဖြင့် လိုက်လံ ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို မုန်းတိုင်းကို ကယ်ထုတ်ရန် ကြိုပမ်းခဲ့ကြောင်း၊ ယင်းသို့ သေနတ်သံများကြားသောအခါ ​ပျူစောထီး ခေါင်းဆောင် မုန်တိုင်းသည် တော်လှန်ရေး ရဲဘော်များ၏ သေနတ်ကို လုခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော နန်ကြူရွာ အုပ်ချုပ်ရေးမှူး မုန်တိုင်းသည် ကျေးရွာတိုက်နယ်တွင် ပါဝင်သော ကျေးရွာအုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်း ကောက်ရန် ကိစ္စနှင့် အောက်တိုဘာလ ၂ ရက်နေ့တွင် အစည်းအဝေး ဆင့်ခေါ်ထားကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပျူးစောထီးအဖွဲ့ ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်းကောက်ခြင်းများတွက် ပူးပေါင်းပါဝင်ခြင်း၊ ကူညီပံ့ပိုးခြင်း များ မလုပ်ဆောင်ကြရန်နှင့် ပူးပေါင်းခြင်း၊ ပံ့ပိုးကူညီခြင်း ၊ပါဝင်ပတ်သက်ခြင်းများ လုပ်​ဆောင်ပါက စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

ဓာတ်ပုံ- မကွေးတိုင်းစစ်ကောင်စီဝန်ကြီးချုပ် တင့်လွင်နှင့် စစ်တပ်အရာရှိများက သန်းခေါင်စာရင်းကောက်ယူနေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *